
ပင်းတယ အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ အခြေခံပညာအထက်တန်း(ကြိုသက်)ကျောင်း ပညာ့ရောင်ခြည်ခန်းမ၌ အောက်တိုဘာ ၂၄ ရက်က ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။
ဦးစွာ အထက(ကြိုသက်)ကျောင်းအုပ် ဆရာမကြီးဒေါ်သီတာစိုးက အမှာစကားပြောကြားပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးထွန်းထွန်းဦး၊ မြို့နယ်ကြက်ခြေနီ အသင်းကော်မတီဥက္ကဋ္ဌ၊ ကြက်ခြေနီအသင်းဝင်ဆရာ ဆရာမများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌက ရှေးဦးကုသရေး ဆေးအိတ်ကိုလှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံယူသည်။ ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းတပ်ဖွဲ့မှူးက ကြက်ခြေနီအသင်း စတင်ဖြစ်ပေါ်လာပုံ၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ စသည်ဖြင့် ရှင်းလင်းပြောကြားပေးသည်။
အဆိုပါသင်တန်းကို အောက်တိုဘာ ၂၂ ရက်မှ ၂၄ ရက်အထိ သုံးရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း၊ အဆိုပါ သင်တန်းသို့ သင်တန်းသူ သင်တန်းသား စုစုပေါင်း ၁၄၄ ဦး တက်ရောက်သင်ကြား ခဲ့ကြောင်း သိရသည်။
အောင်ကိုဦး (ပြန်/ဆက်)