ပင်းတယမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကိစ္စနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်  နိုဝင်ဘာ  ၁၅
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ကိစ္စနှင့် စပ်လျဉ်းသည့်  လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲက  ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ   စီမံအုပ်ချုပ် ရေးအဖွဲ့ရုံး၌ကျင်းပရာ  ပင်းတယ မြို့ရှိ       ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ        စီမံအုပ်ချုပ်ရေးအဖွဲ့       ဥက္ကဋ္ဌ        ဦးအာကာလင်း       တက်ရောက်       အမှာစကား ပြောကြားသည်။ (အပေါ်ပုံ)
ထို့နောက်  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ   စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်  ပင်းတယမြို့နယ်   စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊    မြို့နယ် သမဦးစီးဌာနဦးစီးမှူး၊        ဒေသ ဥပဒေ အရာရှိ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ    တာဝန်ရှိ သူများက    နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေမှ      ချေးငွေထုတ်ချေး ပေးနိုင်ရေး၊    ချေးယူလိုသည့်  ကျေးရွာများ၊  ဥပဒေပိုင်းဆိုင်ရာ အကြံပြုချက်များ၊   မြစိမ်းရောင် ကျေးရွာစီမံကိန်း        လုပ်ထုံး လုပ်နည်းနှင့်   သင်တန်းဖွင့်လှစ် ပို့ချမည့်     အခြေအနေများကို ရှင်းလင်းဆွေးနွေး   တင်ပြကြရာ  ဒေသ    စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက    လိုအပ်သည်များကို အကြံပြု    ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။                                                                                    
သတင်းစဉ်