ပင်းတယမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

ပင်းတယ   ဇူလိုင်   ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ   ပင်းတယမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို     ယနေ့     နံနက်  ၈ နာရီ က    မြို့နယ်ဓမ္မာရုံ၌      ထိုးနှံပေးကြောင်း သိရသည်။ (ယာပုံ)
ကာကွယ်ဆေးထိုးနှံပေးခြင်း မပြုမီ ပါးစပ်နှင့် နှာခေါင်းစည်းများကို စနစ် တကျ တပ်ဆင်စေခြင်း၊ ကိုယ်အပူချိန် တိုင်းခြင်း၊    သွေးပေါင်ချိန်တိုင်းခြင်း၊ ကာကွယ်ဆေးထိုး     လာရောက်သူများ အား    စိစစ်၍     မှတ်ပုံတင်ခြင်းများ ဆောင်ရွက်ခြင်း၊    ကာကွယ်ဆေးထိုးနှံ ပေးပြီးနောက်      ဆေး၏    ဘေးထွက် ဆိုးကျိုးလက္ခဏာ တစ်စုံတစ်ရာ ဖြစ်ပေါ် လာပါက   ချက်ချင်းအရေးပေါ်တုံ့ပြန် ဆောင်ရွက်နိုင်ရန်     မိနစ်   ၃၀  ခန့် စောင့်ကြပ်ကြည့်ရှုပေးခြင်းကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက  ဆောင် ရွက်ပေးကြသည်။
အဆိုပါ   ကာကွယ်ဆေးထိုးနှံခြင်း ကို    ပင်းတယမြို့နယ်    ဆရာဝန်ကြီး ဒေါက်တာမို့မို့ကြည်က    ကြီးကြပ်၍ လက်ထောက်ကျန်းမာရေးမှူး၊ မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ အမျိုးသမီး ကျန်းမာရေး ဆရာဆရာမ ၉ ဦးတို့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ    ထုတ်ပြန်ထားသည့်    ကိုဗစ်-၁၉  ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန် ချက်များနှင့်အညီ   ကာကွယ်ဆေးများ ကိုထိုးနှံပေးခဲ့ပြီး    ယခု  ကာကွယ်ဆေး ထိုးနှံသူ   ၂၂၅   ဦးမှာ   ဇွန်လဒုတိယပတ် တွင် အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌  ပထမအကြိမ်  ကာကွယ်ဆေး ထိုးနှံထားသည့်သူများဖြစ်ကြောင်း သိရ သည်။
ယနေ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရာတွင်    မြို့နယ်အုပ်ချုပ် ရေးမှူး    ဦးကျော်မိုးလွင်နှင့်     ဝန်ထမ်း များ၊      မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် များ၊   မီးသတ်တပ်ဖွဲ့ဝင်များက   ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပင်းတယ
(ပြန်/ဆက်)