ပင်းတယမြို့မှ ရှစ်သောင်းလေးထောင်ဘုရားနဲ့ ဓနုမြေမှ လည်ပတ်စရာနေရာများ

 

ယဉ်လာဒ်

 သုံး   ရောင်ခြယ်မြို့လေးလို့  ခေါ်ဆိုကြတဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့လေးမှ ထူးခြားအံ့ဖွယ်ကောင်းပြီး ကြည်ညို စရာကောင်းလှတဲ့    စာရိတ္တမဏ္ဍိုင်ဘုရားခေါ် ရှစ်သောင်းလေးထောင်ဘုရားအကြောင်းကို ဒီတစ်ပတ်ရဲ့ ဘုရားဖူးလမ်းညွှန် အနေနဲ့  ဖော်ပြပေးချင်ပါတယ်။ 
 

စာရိတ္တမဏ္ဍိုင်ဘုရားရဲ့ထူးခြားချက် ကတော့   ထုံးကျောက်တောင်ပေါ်မှာ ဘုရားရုပ်ပွားဆင်းတုတော်    သေးသေး လေးတွေကို ထွင်းထုပြီး ပူဇော်ထားတာမို့ ကြည်ညိုစရာကောင်းလှပါတယ်။
စာရိတ္တမဏ္ဍိုင်ဘုရားဟာ ပင်းတယ မြို့ ရေဖြူကျေးရွာမှာ တည်ရှိပါတယ်။ ဒီရွာဟာ ဓနုတိုင်းရင်းသားတွေ အများ ဆုံး       နေထိုင်ကြတဲ့ကျေးရွာဖြစ်ပြီး လက်ဖက်နဲ့ခရမ်းချဉ်သီး    အများဆုံး စိုက်ပျိုးကြတဲ့ရွာလေး      ဖြစ်တယ်လို့ ပင်းတယဒေသခံ ကိုစိုးသီဟက စာရေး သူကို ပြောပါတယ်။ 
ဘုရားဖူးလာသူ နည်းပါးသေး
ပင်းတယမြို့ပေါ်ကနေသွားရင် မိနစ် ၂၀ လောက်ပဲ ကြာမြင့်မှာဖြစ်ပြီး ဘုရား ဖူး    အများဆုံးသွားရောက်ဖူးမြော်ကြ တဲ့  ကုံလုံကျောင်းသွားတဲ့လမ်းပေါ်မှာ တည်ရှိပြီး ပင်းတယမြို့က Marigold ပန်းခင်းခြံနဲ့ သိပ်မဝေးလှပါဘူး။  ဒါပေ မယ့် ပြည်တွင်းဘုရားဖူးတွေ လာရောက် ဖူးမြော်မှုနည်းပါးသေးတဲ့   ဘုရားဖြစ် တယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ ကလောဒေသခံ ကိုအဲလက်စ်က စာရေး သူကို  ပြောပါတယ်။    လူသူအရောက် နည်းရတဲ့      အကြောင်းရင်းကတော့ လမ်းမသာတာဟာ    အဓိကအကြောင်း ရင်း ဖြစ်သလို လမ်းညွှန်ဆိုင်းဘုတ်တွေမရှိတာကလည်း ခရီးသွားတွေရဲ့ စိတ်ဝင် စားမှုကို နည်းပါးစေခဲ့တဲ့အကြောင်းရင်း ဖြစ်ပါတယ်။
‘‘ကလောကို      လာလည်ကြတဲ့ ဧည့်သည်တွေ ပင်းတယက ကုံလုံကျောင်း ကို သွားလည်ရင် စာရိတ္တမဏ္ဍိုင်ဘုရား ဆီကိုလည်း ပို့ပေးပါတယ်။ ဒီဘုရားကို ကပ်ကျော်ဘုရားလို့တောင် ခေါ်ရတယ်။ ဧည့်သည်တော်တော်များများ မသိကြပါ ဘူး။ ပင်းတယမှာ    ဘုရားဖူးဧည့်သည် အလွန်များတာတောင် ဒီဘုရားမှာတော့ လူသူမရှိသလောက်    နည်းပါးတယ်။ ဘုရားပွဲကျင်းပတဲ့ ကာလမှာပဲ လာရောက် ကြလေ့ရှိတယ်လို့’’     ကိုအဲလက်စ်က ဆက်ပြောပါတယ်။  
လက်ရှိအချိန်ထိ   ရုပ်ပွားဆင်းတု တော်တစ်ဆူကို ငွေကျပ်တစ်ထောင်နှုန်း နဲ့ လှူနိုင်တယ်လို့လည်း       သွားရောက် ပို့ဆောင်ပေးတဲ့ ဧည့်လမ်းညွှန်တစ်ဦးက စာရေးသူကို ပြောပါတယ်။ 
အရှေ့ဘက်တောင်တန်းကြီး အထက် က   မြူနှင်းတွေနဲ့     လွှမ်းခြုံထားတဲ့ ပင်းတယမြို့ငယ်လေးကို မြို့ရဲ့အမြင့်ဆုံး တောင်ဖြစ်တဲ့ အရှေ့မြင် အနောက်မြင် တောင်တန်းနဲ့ ကာရံထားပြီး တိုင်းရင်း သားတွေ   မျိုးစုံနေထိုင်ကြတဲ့မြို့လေး ဖြစ်ပါတယ်။ 
ဓနုမြေ ပင်းတယမြို့
ပင်းတယမြို့လေးဟာ  ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၃၈၈၀ မှာ တည်ရှိပြီး ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ အထွတ်အမြတ်ထားရာ   ရှေးဟောင်း စေတီပုထိုးပေါများတဲ့   တောင်ပေါ်မြို့ လေး ဖြစ်ပါတယ်။ ပင်းတယမြို့ရဲ့ ထူးခြား ချက်က   နှစ်သက်တမ်းရာကျော်ရှိတဲ့ ညောင်ပင်အိုကြီးတွေ  အများကြီးရှိနေ ခြင်း ဖြစ်ပါတယ်။  
လည်ပတ်စရာနေရာများ
ပင်းတယမြို့ဆိုတာ   ညအိပ်ညနေ လာရောက်လည်ပတ်တဲ့သူလည်း နည်းပါး ပါတယ်။  နေ့ချင်းပြန်လည်ပတ်ကြတဲ့ ဧည့်သည်တွေသာများကြတာမို့ တချို့ ဒေသခံတွေက သရဲခြောက်သောမြို့လို့ တောင် ရယ်ကာမောကာ ပြောကြလေ့ ရှိပါတယ်။ တကယ်တော့ ပင်းတယမြို့ လေးမှာ လည်ပတ်စရာ၊ စိတ်ဝင်စားစရာ နေရာတွေ အများအပြားရှိပါတယ်။
ပင်းတယမြို့ရဲ့   ရွှေဥမင်သဘာဝ လိုဏ်ဂူဘုရားဟာ       ပင်းတယမြို့ရဲ့ အထင်ကရဘုရားဖြစ်ပါတယ်။
ပိတ်ရက် အခါကြီးရက်ကြီးတွေမှာ ခရီးသွားဧည့်သည်       အများအပြား လာရောက်လည်ပတ်       ဖူးမြော်ကြပြီး စည်ကားလေ့ရှိပါတယ်။  ပင်းတယမြို့ ပေါ်မှာ အခြားလည်ပတ်စရာနေရာတွေ က ရွှေဥမင်ဘုရား၊ ပုန်းတလုတ်ရေကန်၊ ဇော်ဂျီရေထွက်၊         ကုံလုံဆရာတော် စံကျောင်း၊      နှစ်ပေါင်းနှစ်ရာကျော်က သစ်အယ်ပင်ရွာ ရှေးဟောင်းကျောင်းနဲ့ စကြာတောင်ဘုရား၊    တမဲရွာမြစေတီ ဆုတောင်းပြည့်ဘုရား၊ မဲနယ်တောင်တို့ အပြင် ရွာငံမြို့နယ်ထဲက ရေပြာအိုင်နဲ့ မိန်းမရဲတောင်၊ ကလောမြို့က နှီးဘုရား၊ ရွှေဥမင်ဂူ၊ မြင်းမထိဂူဘုရားတို့ကိုလည်း နေ့ချင်းပြန်        သွားရောက်လည်ပတ် ဖူးမြော်နိုင်ပါတယ်။ ဒါကြောင့်မို့ သုံးရောင် ခြယ်မြို့လေးလို့ ခေါ်ဆိုကြတဲ့ ဓနုမြေမှ ပင်းတယမြို့လေးကို    အလည်ရောက် ဖြစ်ခဲ့ရင် ကြည်ညိုဖွယ်ရာကောင်းလှပြီး သပ္ပာယ်လှတဲ့ စာရိတ္တမဏ္ဍိုင်ဘုရားခေါ် ရှစ်သောင်းလေးထောင်    ဘုရားဆီကို လည်း သွားရောက်ဖူးမြော်နိုင်ကြစေဖို့ ဒီတစ်ပတ်ရဲ့လမ်းညွှန်အနေနဲ့ ရေးသား ဖော်ပြပေးလိုက်ပါတယ်။    ။