
တိုကျို ဧပြီ ၁
သမ္မတ အီမန်နျူရယ် မက်ခရွန်နှင့် ဥရောပသမဂ္ဂကော်မရှင်ဥက္ကဋ္ဌ အူဆူလာဗွန်ဒါ လီယန်းတို့သည် လာမည့်သီတင်းပတ်တွင် တရုတ် နိုင်ငံ၌ သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ပြင်သစ် အစိုးရက ပြောသည်။
မက်ခရွန်သည် ပေကျင်းနှင့် နိုင်ငံတောင်ပိုင်း ကွမ်တုန်ပြည်နယ်သို့ ဧပြီ ၅ ရက်မှ စတင်ကာ သုံးရက်ကြာ ခရီးသွားရောက်မည်ဖြစ်ကြောင်း ပြင်သစ်သမ္မတရုံးက ပြောသည်။ ထို့အပြင် မက်ခရွန်သည် ဧပြီ ၆ ရက်တွင် ရှီကျင့်ဖျင်နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ဝန်ကြီးချုပ်သစ် လီချန်းနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း အဆိုပါရုံးက ပြောသည်။
အဆိုပါ ခရီးစဉ်သည် မတ်လတွင် မော်စကို၌ သမ္မတ ရှီကျင့်ဖျင် နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ တွေ့ဆုံပြီးနောက် ထွက်ပေါ်လာ ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသို့ မက်ခရွန်နှင့်အတူ ဥရောပသမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌ အူဆူလာဗွန်ဒါလီယန်းအပြင် အာကာသယာဉ် ကုမ္ပဏီ အဲဘတ်စ်အပါအဝင် စီးပွားရေးခေါင်းဆောင် အများအပြား လည်း လိုက်ပါလာဖွယ်ရှိကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ