
ပေကျင်း ဧပြီ ၂၅
တရုတ်သမ္မတရှီကျင့်ဖျင်သည် ဧပြီ ၂၅ ရက်တွင် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်အား ပြင်သစ် သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ကြောင်း သိရသည်။
၎င်း၏ သဏ်လွှာထဲတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က လွန်ခဲ့သည့် ငါးနှစ်ကျော်ကာလအတွင်း နိုင်ငံ့ခေါင်းဆောင်နှစ်ဦး၏ လမ်းညွှန်မှုအောက်တွင် တရုတ်-ပြင်သစ် ဘက်စုံမဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်မှု အမြင့်ဆုံးအဆင့် တစ်ခုအဖြစ် ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ပြောကြား သည်။
နှစ်နိုင်ငံခေါင်းဆောင်များသည် နယ်ပယ်ကဏ္ဍ အသီးသီးတွင် လက်တွေ့ကျသည့်ပူးပေါင်း ဆောင် ရွက်မှုများကို ပိုမိုလေးနက်စွာ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကို အတူတကွရင်ဆိုင်တိုက်ဖျက်ခဲ့ကြောင်း၊ နိုင်ငံစုံဝါဒ ကို အတူတကွလက်ကိုင်ပြုထားပြီး ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးကို တိုးတက်စေခဲ့ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး၏ ဖွံ့ဖြိုးတိုးတက်မှုများကို တွန်းအား ဖြစ်စေကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ထောက်ပံ့မှုများ ပြုလုပ်ထားကြောင်း၊ တည်ငြိမ် အေးချမ်းရေးနှင့် ကြွယ်ဝချမ်းသာအောင် ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားသည်။
ဆင်ဟွာ