
ပါရီ မတ် ၄
ဧပြီလအတွင်းကျင်းပမည့် ပြင်သစ် သမ္မတရွေးကောက်ပွဲတွင် ပြင်သစ် သမ္မတ အီမန်နျူရယ်က ဒုတိယ သက်တမ်းအတွက် ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။
မတ်လ ၃ ရက်နေ့ထုတ် သတင်းစာများတွင် ပြင်သစ် သမ္မတ မက်ခရွန်၏ ဒုတိယ သမ္မတသက်တမ်းအတွက် ပါဝင် ယှဉ်ပြိုင်မည့်အကြောင်းကို ဖော်ပြ ကြသည်။ ကမ္ဘာကြီး၏ ပုံစံမကျ မှုမှာ ခြိမ်းခြောက်မှုများဖြစ် နေပြီး ကျွန်ုပ်တို့၏ တန်ဖိုးများ ကို ကာကွယ်နိုင်ရေးအတွက် ဆက်လက် ယှဉ်ပြိုင်သွားမည်ဟု မက်ခရွန်က ပြောသည်။
မက်ခရွန်သည် ပြီးခဲ့သည့် ငါးနှစ်က ပြုလုပ်ခဲ့သည့် သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး အသက် ၃၉ နှစ်ဖြင့် သမ္မတဖြစ်ခဲ့ သည်။ ပြင်သစ်နိုင်ငံသမိုင်းတွင် အသက်အငယ်ဆုံး သမ္မတဖြစ်ခဲ့ သည်။ ယူကရိန်းအရေးအခင်း အတွက် ညှိနှိုင်းသူအဖြစ်လည်း ၎င်းက ဆောင်ရွက်နေသည်။
ပြင်သစ်သမ္မတ မက်ခရွန် သည် ဒီဇင်ဘာလမှစတင်ကာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ၁၃ ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ သည်။ ပြည်သူတို့၏ သဘောဆန္ဒ ကို ကောက်ခံမှုတွင် သမ္မတ မက်ခရွန်က ရှေ့တန်းမှပြေးလျက် ရှိသည်။
အင်န်အိတ်ချ်ကေ