
ပြင်သစ်နိုင်ငံသမ္မတဟောင်း Mr. Valery Giscard d’ Estaing ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုး
=========================================================
ရန်ကုန် ဒီဇင်ဘာ ၁၀
နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် သည် ပြင်သစ်နိုင်ငံ၏ သမ္မတဟောင်း Mr. Valery Giscard d’ Estaing ကွယ်လွန်သွားသည့်အတွက် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်(၁၀၂) ပြည်ထောင်စုရိပ်သာလမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံရုံး၌ ဖွင့်လှစ်ထား ရှိသော ဝမ်းနည်းခြင်းအထိမ်းအမှတ်စာအုပ်၌ ယနေ့ မွန်းလွဲ ၂ နာရီတွင် ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုး သည်။
ပြင်သစ်နိုင်ငံ၏ သမ္မတဟောင်းသည် ၁၉၇၄ ခုနှစ် မှ ၁၉၈၁ ခုနှစ်အထိ ပြင်သစ်နိုင်ငံ၏ (၃)ဦးမြောက် သမ္မတ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုကွယ်လွန်ချိန်တွင် အသက် (၉၄)နှစ်ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်