ပြင်သစ်နိုင်ငံ၌ နျူကလီးယားဓာတ်ပေါင်းဖို ခြောက်ခု တည်ဆောက်သွားမည်

 

ပါရီ    ဖေဖော်ဝါရီ   ၁၁


ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ပြင်သစ် နိုင်ငံ၌   နျူကလီးယားဓာတ်ပေါင်းဖို    ခြောက်ခု တည်ဆောက်သွားရန် စဉ်းစားလျက်ရှိသည်ဟု နိုင်ငံ အရှေ့ပိုင်းမြို့ ဘဲဖို့ဒ်မြို့တွင် ဖေဖော်ဝါရီ ၁၀ ရက်က ပြောကြားခဲ့ခြင်းဖြစ်သည်။ 

 


ပြင်သစ်နိုင်ငံသည် ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန် ထုတ်လုပ်မှုကို  သုညရာခိုင်နှုန်းအထိ လျှော့ချရန် ရည်မှန်းထားရာ    အဆိုပါ   ရည်မှန်းချက်အတိုင်း ပြည့်မီအောင်လုပ်ဆောင်မည်ဆိုပါက   ပြည့်ဖြိုးမြဲ စွမ်းအင် အရင်းအမြစ်များနှင့်အတူ နျူကလီးယား စွမ်းအင်ကို မှီခိုရန်မှတစ်ပါးမရှိတော့ဟု  မက်ခရွန်က ပြောသည်။

 


နျူကလီးယားဓာတ်ပေါင်းဖိုသစ် ခြောက်ခုကို   ပြင်သစ်ကုမ္ပဏီကြီးများက တည်ဆောက်သွားမည် ဖြစ်ပြီး နောက်ထပ် တည်ဆောက်ရန်အတွက်လည်း လေ့လာမှုများ  ပြုလုပ်နေသည်။ လက်ရှိတည်ရှိ နေသည့် နျူကလီးယား ဓာတ်ပေါင်းဖိုများကို  နှစ် ၅၀ အထိ သက်တမ်းခံစေရန်အတွက်လည်း စဉ်းစား နေသည်ဟု ၎င်းက ဆက်ပြောသည်။ 

 


၂၀၁၁ ခုနှစ် ဖူကူရှီးမား  နျူကလီးယားဓာတ် ပေါင်းဖိုဖြစ်ရပ်ကြောင့်    အချို့သောနိုင်ငံများတွင် နျူကလီးယားစွမ်းအင်ကိစ္စကို နောက်ပြန်လှည့်သွား ကြသည်။ ပြင်သစ်နိုင်ငံသည်လည်း နျူကလီးယား ဓာတ်ပေါင်းဖိုတွင် ရင်းနှီးမြှုပ်နှံမည့်အရေး ပျက်ကွက် ခဲ့သည်။ ပြင်သစ်နိုင်ငံ၏ နျူကလီးယားလုပ်ငန်းတွင်  အလုပ်သမားအင်အား ၂၂၀၀၀၀ အတွက် အလုပ် အကိုင်များ ဖန်တီးပေးနိုင်ပြီး နောက်ထပ် အလုပ် အကိုင်ထောင်နှင့်ချီ၍ ဖန်တီးပေးနိုင်သည့်အတွက် ထောက်ခံမှုများရရှိအောင် ကြိုးပမ်းရှာဖွေနေသည် ဟု သိရသည်။                       


အင်န်အိတ်ချ်ကေ