ပြင်သစ်နိုင်ငံ၌ ဆန္ဒပြပွဲများပိုမိုများပြားလာသည့်အတွက် ဗြိတိန်ဘုရင် ချားလ်၏ ပြင်သစ်ခရီးစဉ် ရက်ရွှေ့ဆိုင်း

 

လန်ဒန်   မတ်   ၂၅


ပြင်သစ်နိုင်ငံ၌   သမ္မတ မက်ခရွန်၏ ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကြောင့် ဆန္ဒပြပွဲများ ပိုမိုများပြားလာသည့်အတွက် ဗြိတိန်ဘုရင် ချားလ်၏ ပြင်သစ်နိုင်ငံ ခရီးစဉ်ကို ရက်ရွှေ့ဆိုင်းထားကြောင်း သိရသည်။ 

 


ခရီးစဉ်ရက်ရွှေ့ဆိုင်းထားကြောင်းကို  ပြင်သစ် သမ္မတရုံးနှင့် ဘာကင်ဟမ်နန်းတော်တို့မှ  ကြေညာ ချက်ထုတ်ပြန်ထားသည်။ ချားလ်ဘုရင်နှင့် မိဖုရား ကမ်မီလာတို့သည်  မတ်  ၂၆  ရက်မှ  ၂၉   ရက် အထိ   ပြင်သစ်နိုင်ငံသို့သွားရောက်ရန်   စီစဉ်ထား ခြင်းဖြစ်သည်။ 

 


ခရီးစဉ်ရက်ကို ပြန်လည်သတ်မှတ်မည်


စက်တင်ဘာလအတွင်း  ချားလ်ဘုရင်ထီးနန်း ဆက်ခံပြီးနောက်   ၎င်း၏   ပထမဆုံး    နိုင်ငံတော် ခရီးစဉ်လည်းဖြစ်မည်ဖြစ်သည်။   အခြေအနေများ ပြန်လည်တည်ငြိမ်သွားသည့်အခါ   ခရီးစဉ်ရက်ကို ပြန်လည်သတ်မှတ်မည်ဟု      ပြင်သစ်သမ္မတက ပြောကြားခဲ့သည်။ 

 


ပင်စင်အသက်ကို ၆၂  နှစ်မှ ၆၄နှစ် အထိတိုးမြှင့်


ပြီးခဲ့သည့်သီတင်းပတ်အတွင်း ပြင်သစ်အစိုးရ သည် ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်း ကို  ပါလီမန်သို့ တင်ခဲ့သည်။   ပြုပြင်ပြောင်းလဲသည့် အချက်ထဲတွင် ပင်စင်အသက်ကို ၆၂  နှစ်မှ ၆၄နှစ် အထိတိုးမြှင့်ခြင်းလည်း ပါဝင်သည်။ 
ယင်းသို့ပြောင်းလဲမှုများကြောင့်   တစ်နိုင်ငံလုံး အနှံ့  ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။   အချို့သော သူများမှာ     ရဲများနှင့်လည်း     အချင်းများခဲ့ကြ သည်။


အင်န်အိတ်ချ်ကေ