ပြင်သစ်နိုင်ငံ၌ ၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် မဲပေးခြင်းစတင်

 

ပါရီ   ဧပြီ   ၁၀ 


ပြင်သစ်နိုင်ငံ၌ ၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် မဲပေးခြင်းကို ဧပြီ ၁၀ ရက် ဒေသစံတော်ချိန်  နံနက်  ၈ နာရီတွင် စတင်ခဲ့ကြောင်း သိရသည်။

 


ပြင်သစ်နိုင်ငံ၌ လက်ရှိသမ္မတ အီမန်နျူရယ် မက်ခရွန်အပါအဝင် သမ္မတကိုယ်စားလှယ်လောင်း ၁၂ ဦးထဲမှ  နောက်ထပ် သမ္မတတာဝန် ငါးနှစ်ထမ်းဆောင်မည့် သမ္မတသစ်ကို မဲပေးသူ ၄၈ ဒသမ ၈ သန်းက ရွေးချယ်မဲပေးမည်ဖြစ်သည်။
ပြင်သစ်နိုင်ငံ၌  မဲရုံတော်တော်များများကို  ဒေသစံတော်ချိန်  ည ၇ နာရီတွင် ပိတ်မည်ဖြစ်ပြီး ပြင်သစ်နိုင်ငံ၏ မြို့ကြီးများဖြစ်ကြသည့် ပါရီ၊ လိုင်ယွန်၊ မာဆေးနှင့် ဘော်ဒိုးမြို့များတွင်မူ   မဲရုံကို နောက်ထပ် တစ်နာအကြာတွင် ပိတ်သိမ်းမည်ဖြစ်သည်။
နိုင်ငံရပ်ခြားမှ မဲပေးသူများသည် ဧပြီ ၁၀ ရက်ကတည်းက ၎င်းတို့ ၏ မဲများကို ပေးပြီးဖြစ်ကြောင်း သိရသည်။

 


ပြင်သစ်နိုင်ငံ၌ နောက်ထပ် ကိုဗစ်-၁၉ လှိုင်းမြင့်တက်နေချိန်တွင် မဲရုံများအတွင်း မဲပေးမည့်သူများကို ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်း များနှင့်အညီ မဲပေးကြရန် ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာထားသည်။

 


ပြင်သစ်နိုင်ငံ၌ မဲရုံများအတွင်း ဝင်ရောက်မဲပေးမည့်သူများသည် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသည့်လက်မှတ် သို့မဟုတ် ကိုဗစ်-၁၉ ရောဂါမတွေ့ရှိကြောင်း   စစ်ဆေးထားသည့်ရလဒ်အဖြေ    မလိုအပ် ကြောင်း သိရသည်။

 


ပြင်သစ်နိုင်ငံ၌ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လူမှုဝေးကွာအစီအစဉ်များလုပ်ဆောင်ခြင်းကို မဖြစ်မနေလုပ်ဆောင်ရန် မလိုအပ် ကြောင်း၊ သို့သော်လည်း သက်ကြီးရွယ်အိုများ၊ အင်အားချည့်နဲ့သူများ နှင့်  ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ရန် အကြံပြုထားကြောင်း သိရသည်။

 


ပြင်သစ်နိုင်ငံ၌ သမ္မတရွေးကောက်ပွဲ ပထမအကြိမ်မဲပေးခြင်းတွင် မဲအများဆုံးရရှိသည့်    ကိုယ်စားလှယ်လောင်း  မထွက်ပေါ်ခဲ့ပါက ကိုယ်စားလှယ်လောင်းနှစ်ဦးကို ဧပြီ ၂၄ ရက်တွင် ထပ်မံမဲပေးရွေးချယ် မည်ဖြစ်ကြောင်း သိရသည်။                                            

ဆင်ဟွာ