
ပါရီ ဧပြီ ၁၁
ပြင်သစ်နိုင်ငံသမ္မတသစ်ရွေးကောက်ပွဲ ပထမအကြိမ်မဲပေးရာတွင် လက်ရှိသမ္မတ အီမန်နျူရယ်မက်ခရွန်က မဲအရေအတွက် ၂၈ ဒသမ ၆ ရာခိုင်နှုန်းနှင့် လက်ယာစွန်းကိုယ်စားလှယ်လောင်း မယ်ရီလီပန်က ၂၃ ဒသမ ၇ ရာခိုင်နှုန်း အသီးသီးရရှိထားကြောင်း ပြင်သစ်နိုင်ငံ BFMTV ရုပ်မြင်သံကြားမှ ထုတ်ပြန်ဖော်ပြ ထားကြောင်း သိရသည်။
မက်ခရွန်နှင့် လီပန်တို့နှစ်ဦးမှာ သမ္မတသစ်ရွေးကောက်ခံရန်အတွက် ထပ်မံမဲပေးအစီအစဉ်ကို ဧပြီ ၂၄ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။
တရားဝင်ပဏာမရလဒ်များကို ဧပြီ ၂၄ ရက်ည သို့မဟုတ် ဧပြီ ၂၅ ရက် နံနက်တွင် ပြည်ထဲရေး ဝန်ကြီးဌာနက အတည်ပြုပြီးသည့်နောက် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ