
ပါရီ ဇန်နဝါရီ ၁၁
ပြင်သစ်နိုင်ငံ ပါရီမြို့မြောက်ပိုင်း ဘူတာရုံ၌ ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက ဓားဖြင့် တိုက်ခိုက်မှုကြောင့် လူခြောက်ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ပြင်သစ်သတင်းအေဂျင်စီဖြစ်သည့် ဘီအက်ဖ်အမ်တီဗွီတွင် ဖော်ပြထားသည်။
ရဲအရာရှိနှစ်ဦးက သေနတ်သုံးကြိမ် ပစ်ဖောက် ခဲ့ပြီး အခြေအနေကိုထိန်းချုပ်ရန် ကြိုးပမ်းခဲ့ သည်ဟု ဘီအက်ဖ်အမ်တီဗွီတွင် ဖော်ပြထား သည်။
နံနက် ၆ နာရီ ၄၅ မိနစ်တွင် လူတစ်ဦးမှာ ဘူတာရုံအတွင်း စတင်တိုက်ခိုက်ခဲ့ပြီး ၎င်းတွင် လည်း စိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
သေနတ်ဖြင့် တိုက်ခိုက်သူ ကိုယ်တိုင်မှာ လည်း ဒဏ်ရာများရရှိခဲ့သည့်အတွက် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။ မည်သည့်ရည်ရွယ်ချက် ဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်းကိုမူ မသိရ သေးချေ။
ပါရီမြောက်ပိုင်း ဘူတာသို့ အဝင်အထွက် ပြေးဆွဲနေသည့် ရထားများအားလုံးမှာ ခေတ္တ ရပ်ဆိုင်းသွားသည်ဟု အမျိုးသား မီးရထားကုမ္ပဏီ အက်စ်အင်န်စီအက်ဖ်က ပြောသည်။
ဆင်ဟွာ