ပွင့်ဖြူမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် အရံစေတီ ရှစ်ဆူ ထိခိုက်ပျက်စီး

 

ပွင့်ဖြူ      အောက်တိုဘာ       ၁၇


မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ်တွင်  အောက်တိုဘာ  ၁၇  ရက်  နံနက်  ၆  နာရီ  ၁၅ မိနစ်ခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့်    ပွင့်ဖြူမြို့နယ်ကျောင်းတော်ရာကျေးရွာရှိ  စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီး  စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့်  အရံစေတီ ရှစ်ဆူ ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ      မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပွင့်ဖြူမြို့နယ်  ကျောင်းတော်ရာ       ကျေးရွာရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီတော်မြတ် ကြီး၏ ဒုတိယအဆင့်ထီးတော်မှ  စိန်ဖူးတော်     ငှက်မြတ်နားတော် အထိ ထီးမဏ္ဍိုင် မြောက်ဘက်သို့ ကွေးညွတ်သွားခဲ့ပြီး    အရံစေတီ ၁၀၈ ဆူအနက်မှ ရာဟုထောင့် အရံစေတီ   နှစ်ဆူ၊   စနေထောင့် အရံစေတီ နှစ်ဆူ၊ အင်္ဂါထောင့်အရံ စေတီ လေးဆူတို့မှာ မြောက်ဘက် သို့        ယိမ်းယိုင်သွားခဲ့ကြောင်း၊ ထို့အပြင် အရှေ့ဘက်ရှိ နတ်လမ်း ပြာသာဒ်ထီးတော်     ပြုတ်ကျခဲ့ပြီး မာမကာတန်ဆောင်း ပန်းဆွဲများ လည်း ပြုတ်ကျပျက်စီးခဲ့ကြောင်း သိရသည်။ 

 


ထို့အပြင် ကျောင်းတော်ရာ- လယ်ကိုင်းသွား    ကားလမ်းဘေး (ဝဲ ၊ ယာ) ရှိ သစ်ပင်များ ပြိုလဲကာ  လမ်းပိတ်ဆို့မှုများ      ဖြစ်ပွားခဲ့ သဖြင့်      ပြည်သူများ   သွားလာ ရေး       အခက်အခဲမဖြစ်စေရေး အတွက်      မြို့နယ်မီးသတ်ဦးစီး ဌာနမှ တာဝန်ခံ          မီးသတ်ဦးစီးမှူး ဦးမျိုးထွဋ်ခိုင်   ဦးဆောင်သော သန္ဓေ၊     အရန်မီးသတ်တပ်ဖွဲ့ဝင် များက         နယ်မြေရဲတပ်ဖွဲ့ဝင်  များ၊     ကျေးရွာနေ     ပြည်သူများ နှင့်ပူးပေါင်း၍      လိုအပ်သော ရှင်းလင်းရေးလုပ်ငန်းများ ဆောင် ရွက်ပေးလျက်ရှိကြောင်း       သိရသည်။ 


     ရဲဝင်းနိုင် (ညောင်ဦး)