ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝတမံတွင် ရေပိုလွှဲမှရေကျော်ကျမှု တဖြည်းဖြည်း လျော့နည်းကျဆင်းလာ

 

ပွင့်ဖြူ   စက်တင်ဘာ  ၁၂


မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ်၌ဒေသခံတောင်သူများ   စိုက်ပျိုးရေအတွက် အဓိက  မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံ သည် အထက်ပိုင်းဒေသများတွင် မိုးသည်းထန် စွာ  ရွာသွန်းမှုကြောင့်  မိုးရေဝင်ရောက်မှုများတိုးလာခဲ့ပြီး တမံရေပိုလွှဲမှ  ခြောက်ပေကျော် အထိ ရေကျော်ကျမှုရှိခဲ့ရာမှ ယခုအခါ  မိုးရွာ သွန်းမှု  လျော့နည်းသွားသဖြင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု   တဖြည်းဖြည်း   လျော့နည်း ကျဆင်းလာကြောင်း အဆိုပါ ကြီးအုံကြီးဝတမံ တာဝန်ခံ(AE) ဦးစိုးတင့်ထံမှ သိရသည်။   


ပွင့်ဖြူမြို့နယ်   ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုကြောင့် တမံအတွင်း  မိုးရေဝင်ရောက်မှုရှိခဲ့ပြီး တမံရေ ပိုလွှဲမှ ၆ ဒသမ ၈  ပေခန့်အထိ    ရေကျော်ကျ မှုရှိခဲ့သဖြင့်    တာဝန်ရှိသူများက  သဘာဝဘေး အန္တရာယ်ကင်းဝေးစေရေး       စီမံချက်အရ အစိမ်းရောင်အလံများ စိုက်ထူ၍ တမံအောက် ဘက်ရှိ ကျေးရွာများမှ   ဒေသခံပြည်သူများ သိရှိနိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခြင်း၊    ရေကင်းတာဝန်ကျ ဝန်ထမ်းများကလည်း တမံကြံ့ခိုင်မှုအခြေအနေ အား အလှည့်ကျစောင့်ကြည့် စစ်ဆေးခြင်းနှင့် တမံအတွင်း မိုးရေဝင်ရောက်မှုအခြေအနေနှင့် ရေပိုလွှဲမှ    ရေကျော်နေမှုများကို   အချိန်နှင့် တစ်ပြေးညီအသိပေးနှိုးဆော်ခြင်းများ   ဆောင် ရွက်ပေးထားကြောင်း သိရသည်။    ယခုအခါ မိုးရွာသွန်းမှု    လျော့နည်း သွားသဖြင့်  ကြီးအုံကြီးဝတမံ၏  ရေပိုလွှဲမှ ရေကျော်ကျမှု တဖြည်း ဖြည်း  လျော့နည်းကျဆင်းလာ ပြီး     ယနေ့  နံနက် ၆   နာရီ တိုင်းထွာရာ၌       တမံရေပိုလွှဲမှ ၄ ဒသမ ၉ ပေခန့်သာ   ရေကျော် ကျမှု    ရှိတော့ကြောင်း    သိရ သည်။   


ပွင့်ဖြူမြို့နယ်    အတွင်းရှိ ကြီးအုံကြီးဝတမံသည် မင်းဘူး ခရိုင်အတွင်း ဆည်ရေအများဆုံး   သိုလှောင်ထားနိုင်သည့်    တမံ တစ်ခုဖြစ်ကြောင်း  သိရသည်။  


လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)