ပွင့်ဖြူမြို့နယ်၌ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

 

ပွင့်ဖြူ     ဧပြီ     ၂၀


မကွေးတိုင်းဒေသကြီး     ပွင့်ဖြူ မြို့နယ်     ရေပုတ်ကြီးကျေးရွာ အခြေခံပညာ   အလယ်တန်း ကျောင်းတွင် နွေရာသီကျောင်း ပိတ်ရက်ကာလ    ကျောင်းသား ကျောင်းသူများ ကိုယ်၊ စိတ်၊ နှလုံး ယဉ်ကျေးလိမ္မာစေရန်နှင့်   ဗုဒ္ဓ ၏အဆုံးအမ တရားတော်များနှင့် အညီ ကျင့်ကြံနေထိုင်တတ်စေရန် ရည်ရွယ်၍ ဆရာတော် ဦးသုဝဏ္ဏ နှင့် ဆရာတော် ဦးဇေယျသီရိတို့က ဦးဆောင်ကာ နွေရာသီယဉ်ကျေး လိမ္မာသင်တန်း   အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရ သည်။ 

 


သင်တန်းတွင် ပို့ချသင်ကြား ပေးသည့်     သင်ခန်းစာများကို ကျောင်းသား    ကျောင်းသူများ လက်တွေ့အကျိုးရှိရှိ အသုံးချနိုင် ရေးအတွက်    အရည်အချင်း စစ်ဆေးခြင်းဆိုင်ရာ စာမေးပွဲအား ထည့်သွင်းကျင်းပ   ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။ ယင်း သင်တန်းကို မတ် ၂၅ ရက်မှ ဧပြီ ၂၅ ရက်အထိ တစ်လကြာ ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ 


လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)