
ပွင့်ဖြူ ဧပြီ ၂၁
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့ နယ်၌ ယမန်နေ့က လေပြင်း တိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး မြို့နယ် အတွင်းရှိ ကျေးရွာ ၁၄ ရွာတွင် လူနေအိမ် ၇၀ ကျော် ထိခိုက် ပျက်စီးခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးမှ သိရသည်။
ဥယျာဉ်ကျစ် ကျေးရွာတွင် ဘာသာရေး အဆောက်အအုံ တစ်လုံး၊ ရွာသာညွန့်ကျေးရွာတွင် လူနေအိမ် ၁၅ လုံး၊ ထနောင်းကုန်း ကျေးရွာတွင် လူနေအိမ် ၁၀ လုံး၊ ထူးကျေးရွာတွင် လူနေအိမ် ခြောက်လုံး၊ မဒဲကျေးရွာတွင် လူ နေအိမ် တစ်လုံး၊ မုန်းဇလဲကျေးရွာ တွင် လူနေအိမ် ၁၃ လုံး၊ ပေါက် ကုန်းကျေးရွာတွင် လူနေအိမ် တစ်လုံး၊ သမော်အင်းကျေးရွာတွင် လူနေအိမ် တစ်လုံး၊ လယ်ကိုင်း ကျေးရွာတွင် လူနေအိမ် ၁၇ လုံး၊ သိမ်ကုန်းကျေးရွာတွင် လူနေအိမ် နှစ်လုံး၊ ဖလံတောကျေးရွာတွင် လူနေအိမ် တစ်လုံး၊ ကျောင်းတော် ရာကျေးရွာတွင် လူနေအိမ်နှစ်လုံး၊ ရွာသစ်ကုန်းကျေးရွာတွင် လူ နေအိမ် ငါးလုံး၊ အနောက်လေးအိမ် ကျေးရွာတွင် လူနေအိမ် တစ်လုံး စုစုပေါင်း လူနေအိမ် ၇၅ လုံး နှင့် ဘာသာရေးအဆောက်အအုံ တစ်လုံး ထိခိုက်ပျက်စီးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ထိခိုက်ပျက်စီး သည့် လေဘေးသင့်အိမ်ထောင်စု များအား အဆင်ပြေစွာနေထိုင်နိုင် ရေး ဌာနဆိုင်ရာများနှင့် ကျေးရွာ နေပြည်သူများက လိုအပ်သည့် အကူအညီများ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး လေ ပြင်းတိုက်ခတ်မှုကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်မှု မရှိကြောင်း သိရသည်။
ထို့ပြင် မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် သစ်ပင်ကြီး များ ပြိုလဲမှုကြောင့် လျှပ်စစ် ဓာတ်အားလိုင်းတိုင်များ ထိခိုက် ပျက်စီးမှု၊ ငှက်ပျောစိုက်ခင်း များ ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ ကြောင်းနှင့် ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်ဓာတ်အားလိုင်း ထိခိုက် ပျက်စီးသည့်နေရာများကို မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံး မှ လိုင်းတာဝန်ခံနှင့် လျှပ်စစ် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေး ၍ ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)