ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် နွေနှမ်းများ စတင်စိုက်ပျိုး

 

ပွင့်ဖြူ    မတ်    ၉


မကွေးတိုင်းဒေသကြီး ပွင့်ဖြူ မြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုး ရာသီတွင်    ဒေသတွင်း   စားသုံးဆီ ဖူလုံစေရေးအတွက် နွေနှမ်းဧက သုံးသောင်းကျော် စိုက်ပျိုးဆောင် ရွက်သွားမည်ဖြစ်ရာ     ဒေသခံ တောင်သူများက နွေနှမ်းလျာထား စိုက်ဧက    ပြည့်မီစေရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် နွေနှမ်း များ       စတင်စိုက်ပျိုးနေပြီဖြစ် ကြောင်း    ပွင့်ဖြူမြို့နယ်    စိုက်ပျိုး ရေးဦးစီးဌာနရုံးမှ သိရသည်။


ပွင့်ဖြူမြို့နယ်၌      ဒေသခံ တောင်သူများက     ဒေသတွင်း စားသုံးဆီဖူလုံစေရန်နှင့် ဆီထွက် သီးနှံ  စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုး    တိုးတက်စေရေးအတွက် အစိုးရဆည်ရေ၊ လျှပ်စစ်ရေတင် စနစ်နှင့်      မြေအောက်ရေတို့ကို အကျိုးရှိစွာ အသုံးချပြီး (နွေ၊ မိုး  ဆောင်း) တစ်နှစ်ပတ်လုံး ဆီထွက် သီးနှံများဖြစ်သည့်    မြေပဲ၊ နှမ်း၊ နေကြာသီးနှံနှင့်    ပန်းနှမ်းတို့ကို အားထား     စိုက်ပျိုးကြကြောင်း သိရသည်။ 


“ယခုနှစ်    နွေသီးနှံစိုက်ပျိုး ရာသီမှာ     ပွင့်ဖြူမြို့နယ်အနေနဲ့  ဒေသတွင်း စားသုံးဆီ ဖူလုံပိုလျှံစေ ဖို့နဲ့ ဒေသခံတောင်သူတွေ သီးနှံ ဝင်ငွေ       တိုးပွားစေဖို့အတွက်  ဆီထွက်သီးနှံဖြစ်တဲ့    နွေနှမ်း စိုက်ပျိုးခြင်းကို     မဲဇလီရေလွှဲ ဆည်ရေဖြင့် တောင်မုန်းမြောင်းမ ကြီး ဆည်ရေသောက်ဧရိယာမှာ စိုက်ပျိုးဆောင်ရွက်သွားမှာ ဖြစ် ပါတယ်။ တစ်မြို့နယ်လုံး နွေနှမ်း စိုက်ဧက လျာထားမှုအနေနဲ့ဆိုရင် ၃၇၃၄၈  ဧက  လျာထားစိုက်ပျိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီဒေသက      နွေနှမ်းစိုက်ပျိုးရေး လုပ်ငန်းက အောင်မြင်ဖြစ်ထွန်းမှု လည်း      ရှိပါတယ်။      ဒေသခံ တောင်သူတွေကိုလည်း နွေနှမ်း စိုက်ပျိုးရာမှာ   သီးနှံအထွက်နှုန်း ကောင်းမွန်စေဖို့အတွက် နယ်မြေ အလိုက်    ကွင်းဝန်ထမ်းတွေက တောင်သူတွေကို နွေနှမ်းစိုက်ပျိုး ရေးနဲ့   ပတ်သက်ပြီး   တောင်သူ ပညာပေးလုပ်ငန်းတွေကို     ပံ့ပိုး ကူညီဆောင်ရွက်ပေးနေပါတယ်။ ဒေသခံတောင်သူတွေ      အဓိက စိုက်ပျိုးတဲ့နှမ်းမျိုးတွေက ဈေးကွက် ရှိတဲ့  နှမ်းဖြူ၊  စမုံနက်၊  သိပ္ပံနှမ်း နက်၊ ဆင်းရတနာ - ၄ စတဲ့နှမ်းမျိုး တွေကို  အများဆုံးစိုက်ပျိုးကြပါ တယ်”ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီး မှူး ဒေါ်မိုးမိုးဝေက ပြောသည်။   


ပွင့်ဖြူမြို့နယ်၌     ယခုနှစ် တွင်  မြို့နယ် ဆည်မြောင်းနှင့် ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဒေသတွင်းရှိ    တောင်သူများ   နွေ စပါး၊  နွေနှမ်းနှင့် အခြားနွေသီးနှံ လျာထားချက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက်      နွေစပါး စိုက်ပျိုးမည့် မြောက်မုန်းမြောင်းမ ကြီး   ဆည်ရေသောက်ဧရိယာရှိ လယ်မြေများအတွက် ဖေဖော်ဝါရီ ၁၆ ရက်ကစပြီး မဲဇလီရေလွှဲဆည် မှ  ဆည်ရေများကို  စတင်ဖြန့်ဝေ ပေးထားကြောင်း၊      ယခုနွေနှမ်း စိုက်ပျိုးမည့်တောင်သူများ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက်  တောင်မုန်း မြောင်းမကြီး    ဆည်ရေသောက် ဧရိယာရှိ လယ်ယာမြေများအတွက်     မတ် ၇ ရက်က   စိုက်ပျိုးရေများ ဖြန့်ဝေပေးထားပြီဖြစ်ကြောင်း သိရ သည်။  

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)