
ပွင့်ဖြူ မေ ၇
မကွေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရုံး လက်အောက်ရှိ ပွင့်ဖြူ မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံး အနေဖြင့် မြို့နယ်အတွင်း ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရန်နှင့် ဓာတ်အားလျော့နည်း ပျောက်ဆုံးမှုများ မဖြစ် ပေါ်စေရေးအတွက် မြို့နယ်အတွင်း ဓာတ်အား ဖြန့်ဖြူးပေးနေသည့် ၃၃/ ၁၁ ကေဗွီ၊ ၁၀ အမ်ဗွီ အေ ထရန်စဖော်မာများ ကြံ့ခိုင်ကောင်းမွန်စေ ရန် ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း များကို မေ ၅ ရက်က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်ထံမှ သိရသည်။
ထရန်စဖော်မာ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို မကွေးတိုင်းဒေသကြီးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းရုံးမှ ဒုတိုင်း အင်/ယာ ဦးအောင်ဇော်ငြိမ်း၏ ကြီးကြပ်မှု ဖြင့် မင်းဘူးခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်ကျော်အောင်၊ ပွင့်ဖြူမြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးတင့်ဇော်နှင့် ဝန်ထမ်းများက နေပြည်တော်မှ လျှပ်စစ်စမ်းသပ် စစ်ဆေးရေး အဖွဲ့နှင့်အတူ ဓာတ်အားခွဲရုံအတွင်း လျှပ်စစ် ဓာတ်အားလိုင်းကြိုးများ ကြံ့ခိုင်ကောင်းမွန်ရေး စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်း၊ ဗို့အားပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ၃၃/ ၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ထရန်စဖော်မာ Tapping ချိန်ညှိ ခြင်းများ ဆောင်ရွက်ခြင်းနှင့် ဓာတ်အားခွဲရုံ ဝန်းကျင် သန့်ရှင်းသာယာလှပရေး စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းများကို ပြုလုပ် ခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)