ပွင့်ဖြူမြို့နယ် သက်သာပန်းတောင်းကျေးရွာရှိ စကြာပန်းတောင်းစေတီတော်မြတ်ကြီး မဟာဇေယျာဘုံရွှေထီးတော်၊ ဝဇီရကေတုစိန်ဖူးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပ

 

နေပြည်တော်    ဖေဖော်ဝါရီ   ၁၀


မကွေးတိုင်းဒေသကြီး ပွင့်ဖြူ မြို့နယ် လယ်ကိုင်းကျေးရွာအုပ်စု    သက်သာပန်းတောင်း   ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတိုက် ဝတ္ထုကံတော်အတွင်းရှိ    စကြာ ပန်းတောင်းစေတီတော်     မဟာ ဇေယျာဘုံရွှေထီးတော်၊   ဝဇီရ ကေတုစိန်ဖူးတော် တင်လှူပူဇော် ပွဲနှင့်  ဗုဒ္ဓါဘိသေက အနေကဇာ တင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့   နံနက်ပိုင်းတွင်   ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ၊ စလင်းဆရာတော်ကြီး အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ကေတု  အမှူးပြုသည့် ဆရာတော်၊  သံဃာ တော်အရှင်သူမြတ်များ ကြွရောက် ချီးမြှင့်တော်မူကြသည်။ 

 


အဆိုပါ   အခမ်းအနားသို့ နိုင်ငံတော်     စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ      နိုင်ငံတော် ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်၊ ဇနီး  ဒေါ်ကြူကြူ လှနှင့် မိသားစုဝင်များ၊ ကောင်စီ ဝင်များဖြစ်ကြသည့်    ဒုတိယ ဗိုလ်ချုပ်ကြီး        မိုးမြင့်ထွန်း၊ ဦးမောင်းဟာ၊       ဦးရွှေကြိမ်း၊ ကောင်စီ  တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊    ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ  ကံဇော်နှင့် ဇနီး၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့်  တာဝန်ရှိ သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စေတနာရှင်အလှူရှင်များ၊   အရာရှိ၊   စစ်သည်၊ မိသားစုများ၊   ဝတ်အသင်းအဖွဲ့များနှင့်    ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။

 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊    ဇနီးနှင့်   အခမ်းအနား တက်ရောက်လာကြသူများက မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊  စလင်းမြို့  မဟာဝိသုတာရာမ စိန်ပန်း ကျောင်းတိုက် ပဓာနနာယက မဟာဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိက   ဗဟုဇနဟိတဓရ ဘဒ္ဒန္တ  ကုမာရထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဥပါသကာများ က ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို သံဃာတော်များထံ    ဆက်ကပ်သည်။  ထို့နောက် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော် မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညို ကြသည်။

 


ပက်ဖျန်းကြဲဖြန့်


ယင်းနောက်   ဥပါသကာများက   ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို ယူဆောင်၍ စေတီတော်  ပရိဝုဏ်တော်တွင်   ပက်ဖျန်းကြဲဖြန့် ချည်နှောင် တားဆီးကာရံကြသည်။ 

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် မိသားစုဝင် များက  ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်နှင့်  လှူဖွယ်ပစ္စည်းများအား နိုင်ငံတော် ဩဝါဒါစရိယ၊ စလင်းဆရာတော်ကြီးထံ ဆက်ကပ် လှူဒါန်းကြသည်။   ဆက်လက်ပြီး   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များ၊ တွဲဖက်အတွင်းရေးမှူး နှင့် ပြည်ထောင်စုဝန်ကြီးများက လှူဖွယ်ပစ္စည်းများ အား  သံဃာတော် အရှင်သူမြတ်များထံ  ဆက်ကပ် လှူဒါန်းကြသည်။ 

 


ရေစက်သွန်းချ အမျှပေးဝေ


ယင်းနောက် စလင်းမြို့ မဟာဝိသုတာရာမကျောင်း တိုက်ပဓာနနာယက ဆရာတော်ထံမှ အနုမောဒနာ တရားနာယူ၍   လှူဒါန်းမှုအစုစုအတွက်   ရေစက် သွန်းချ အမျှပေးဝေကြသည်။ 

 


ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုး


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီး၊ မိသားစုဝင်များနှင့် အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ် နားတော်တို့အား ပင့်ဆောင်၍ စေတီတော်မြတ်အား လက်ယာရစ်     လှည့်လည်ပင့်ဆောင်ပူဇော်ကြပြီး မင်္ဂလာအချိန်တွင် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နား တော်တို့အား မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ် သို့ ပင့်ဆောင်၍ တင်လှူပူဇော်ကြပြီး ပရိတ်နံ့သာရည် များ ပက်ဖျန်းကြကာ ရတနာစိန်ဖူးတော်၊ ငှက်မြတ် နားတော်   တင်လှူပူဇော်အောင်မြင်ခြင်း    အထိမ်း အမှတ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။

 


မဟာဗောဓိပင်ပျိုကို စိုက်ပျိုးပူဇော်


ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်များက စကြာပန်းတောင်းစေတီတော်မြတ်အား ဗုဒ္ဓါဘိသေက အနေကဇာတင်၍  ဗုဒ္ဓါဘိသိက်သွန်းတော်မူကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ မဟာမင်္ဂလာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီးတို့က စေတီတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား   မြသပိတ် ဆွမ်းတော်၊ ခဲဖွယ်၊ ပန်း၊ ရေချမ်းနှင့်   သစ်သီးတို့ကို   ကပ်လှူ ပူဇော်ကြပြီး   စေတီတော်ကြီးအား   လက်ယာရစ် လှည့်လည်ပူဇော်သည်။ ယင်းနောက် စေတီတော် ပရိဝုဏ်တော်အတွင်းရှိ  ဘုရားလောင်းဖြစ်တော်စဉ် ပေါင်းကို ထွင်းထုပူဇော်ထားသည့် ကျောက်စာချပ်နှင့်  မင်္ဂလာမော်ကွန်းကျောက်စာတော်အား ပရိတ်နံ့သာ ရည်များဖြင့်  ပက်ဖျန်းဖွင့်လှစ်ပြီး  ခေါင်းလောင်း တော် ကိုးချက်ထိုးခတ်ပူဇော်၍ မေတ္တာပြုသည်။ ယင်းနောက် စေတီတော်ပရိဝုဏ်အတွင်း၌ ပရိဘောဂ စေတီတော်မြတ်ဖြစ်သည့်    မဟာဗောဓိပင်ပျိုကို စိုက်ပျိုးပူဇော်သည်။

 


အခမ်းအနားအပြီးတွင်  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနား      တက်ရောက်လာကြသူများသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြကာ တက်ရောက်လာကြသည့် ဧည့်သည် တော်များအား   နေ့လယ်စာဖြင့်   တည်ခင်းဧည့်ခံခဲ့ ကြသည်။

 


တိုးမြှင့်တည်ထားပူဇော်


အဆိုပါ စကြာပန်းတောင်းစေတီတော်မြတ်ကြီးကို ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်တွင် ပွင့်ဖြူမြို့နယ် မုရိုးကုန်းကျေးရွာမှ ဦးစိုးမင်း  မိသားစုက စတင် တည်ထားကိုးကွယ်ရန်    ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဧပြီ ၁၇  ရက်တွင်   တည်ထားပြီးစီးခဲ့ကြောင်းနှင့် ဉာဏ်တော်  ၉ တောင်  အမြင့်ဆောင်ခဲ့ကြောင်း၊ မူလအစပထမ    ရုံလေးရုံ    ဘုရားများဖြစ်သည့် ကုက္ကုဋာရုံ(အုတ်ဖိုဘုရား)၊ ဃောသိဏာရုံ (ရွာခိုင် ဘုရား)၊ ပါဝါရုံ (ရွှေပန်းမြိုင်ဘုရား)၊ ဂန္ဓာရုံ (ကျောင်း တော်ရာဘုရား)တို့ အတွင်းတွင်တည်ရှိပြီး ကြီးလေး ကြီးဖြစ်သည့် ရွာသာကြီးကျေးရွာ၊ လှည်းကြီးကျေးရွာ၊ ကံသာကြီးကျေးရွာ၊   မုန်တောကြီးကျေးရွာတို့၏ အလယ်တွင်   တည်ရှိကြောင်း၊ စကြာပန်းတောင်း စေတီတော်မြတ်နှင့်   ပတ်သက်၍    လယ်ကိုင်း ကျေးရွာအုပ်စု   နိဗ္ဗာန်တောင်ကျောင်း ဆရာတော် ဘဒ္ဒန္တဝိသုတ္တမှ ကြီးလေးကြီးအလယ်မှာ “ကြက်ပျံ မကျ စည်ကားကြ၊ ပြည်ကြီး အေးချမ်းသာယာမည်”ဟု တဘောင် မိန့်ဆိုခဲ့ကြောင်း၊ စကြာပန်းတောင်းစေတီ တော်မြတ်ကြီးအား ဗုဒ္ဓသာသနာတော်ကြီး စည်ပင် ပြန့်ပွားအကျိုးများစေရန်ရည်ရွယ်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ မိသားစုဝင်များ၊ စေတနာရှင်၊ အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့်  မူလဉာဏ်တော်  ၉ တောင် ရှိသော   စေတီတော်ကို   ထပ်မံငုံ၍    ဉာဏ်တော် ၄၅ ပေ အမြင့်ဖြင့် ဉာဏ်တော်ကို တိုးမြှင့်တည်ထား ပူဇော်ပြီး စကြာပန်းတောင်းစေတီတော်ဘွဲ့အမည်သစ်   ဆက်ကပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့်   ယနေ့တွင်  မဟာဇေယျာဘုံရွှေထီးတော်၊ ဝဇီရကေတုစိန်ဖူးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 


မေးမြန်းဆွေးနွေး


ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်သည်  အဖွဲ့ဝင်များ လိုက်ပါ၍    လယ်ကိုင်းကျေးရွာသို့ရောက်ရှိကြပြီး ကျေးရွာရပ်မိရပ်ဖများ၊   ကျေးရွာမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ ဒေသခံ  ပြည်သူများနှင့်တွေ့ဆုံကာ  ဒေသစီးပွားရေးအခြေ အနေများနှင့်   ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ကို မေးမြန်းဆွေးနွေးသည်။

 


ထို့နောက် ရပ်မိရပ်ဖများက လုပ်သားရှားပါး သည့်အတွက် လယ်ယာသုံး  စက်ကိရိယာများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးရန်လိုအပ်မှု၊ ကျေးရွာ အတွက် မီးသတ်ကားလိုအပ်မှုနှင့် အခြားဒေသဖွံ့ဖြိုး တိုးတက်ရေးကိစ္စရပ်များကိုတင်ပြကြရာ နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက   လယ်ယာသုံး စက်ကိရိယာများကို   အရစ်ကျစနစ်ဖြင့်ရောင်းချ ပေးနိုင်ရေး၊ ကျေးရွာအတွက်  လိုအပ်သည့်မီးသတ် ကား နွေရာသီမတိုင်မီရောက်ရှိရေး၊ ရွှေပြည်အေး ဘုရား   ပြန်လည်ပြုပြင်မွမ်းမံရေးနှင့်  အခြား ဒေသ  ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက် ပေးနိုင်ရန်အတွက်   တာဝန်ရှိသူများကို   လမ်းညွှန် မှာကြားသည်။

 


ရင်းရင်းနှီးနှီးနှုတ်ဆက်


ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်က  ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးရန်ပုံငွေကျပ်သိန်း ၅၀ ကို ရပ်မိရပ်ဖ များထံပေးအပ်ပြီး ရပ်မိရပ်ဖများက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ထံ ဒေသထွက်လက်ဆောင်ပစ္စည်းများ   ပြန်လည် ပေးအပ်သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်သည် ရပ်မိရပ်ဖများ၊ ကျေးရွာမိခင်နှင့်ကလေး စောင့်ရှောက် ရေးအသင်းမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

 


စနစ်တကျ ထိန်းသိမ်းဆောင်ရွက်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပွင့်ဖြူမြို့နယ်ရှိ သာသနာဝင် မြန်မာပြည် ဗုဒ္ဓဂါယာ စန္ဓကူးနံ့သာကျောင်းတော်ရာ      စေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။ ယင်းနောက် စေတီတော်ကြီး အတွက် ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက   လက်ခံရယူပြီး   ဓမ္မလက် ဆောင်    ပြန်လည်ပေးအပ်သည်။     ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် ဘုရားအကျိုး တော်ဆောင်ချုပ် ဆရာတော်   အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ  ဘဒ္ဒန္တ ဓမ္မာစာရအား ဖူးမြော်ကြည်ညို  ပြီး သာသနာရေးဆိုင်ရာများနှင့် ကျန်းမာရေးဆိုင်ရာ များ  မေးမြန်းလျှောက်ထားကာ   လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် စေတီတော်ကြီး အား လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုပြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်      စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်သည်များ ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။    


 သတင်းစဉ်