ပင်လယ်နီတွင် ပြန်ပေးဆွဲခံထားရသည့်သင်္ဘောမှ အမှုထမ်း၏ဗီဒီယိုဖိုင်ကို ဟူသီသူပုန်တို့ထုတ်ပြန်

 

အေဒင်    နိုဝင်ဘာ     ၂၃


ယီမင်နိုင်ငံမှ ဟူသီသူပုန်များသည်  နိုဝင်ဘာ   ၁၉ ရက်က    ၎င်းတို့ ပြန်ပေးဆွဲထားသည့်    ကုန်တင် သင်္ဘောနှင့်   သင်္ဘောအမှုထမ်း၏   ဗီဒီယိုဖိုင်ကို   ထုတ်ဖော်ပြသခဲ့ သည်။  အဆိုပါ  ကုန်တင်သင်္ဘော မှာ  ဗြိတိန်ပိုင် Galaxy  Leader ဖြစ်ပြီး သင်္ဘောပေါ်တွင်အမှုထမ်း  ၂၅ ဦးပါဝင်သည်။  ယင်းသင်္ဘော ကို  ဂျပန်ကုမ္ပဏီ နီပွန်ယူဆန်က စီမံကွပ်ကဲနေခြင်း    ဖြစ်သည်။ ယီမင်နိုင်ငံအနီး ခုတ်မောင်းနေစဉ် အဖမ်းခံရခြင်းဖြစ်သည်။ 


အဆိုပါသင်္ဘောမှာ အစ္စရေး ပိုင်ဖြစ်သည်ဟု     ဟူသီတို့က ပြောသည်။  အစ္စရေးတပ်ဖွဲ့ကမူ အဆိုပါစွပ်စွဲချက်ကို    ငြင်းဆို ထားသည်။     ဟူသီသူပုန်များ သင်္ဘောပေါ်သို့  ရောက်ရှိလာပြီး  သင်္ဘော      အမှုထမ်းများကို ဧည့်သည်များဟု    ခေါ်ဆိုသည့် ဗီဒီယိုဖိုင်ကို နိုဝင်ဘာ ၂၂ ရက်က လူမှုကွန်ရက်    မီဒီယာပေါ်တွင် တင်ထားသည်။ အစ္စရေးတို့ ဂါဇာ ကမ်းမြောင်ဒေသကို တိုက်ခိုက်မှု  မရပ်မချင်း ၎င်းတို့၏စစ်ဆင်ရေး ကို  ဆက်လက်ဆောင်ရွက်သွား မည်ဟု ဟူသီတို့က ပြောသည်။ 


အစ္စရေးနှင့်    ဆက်စပ်မှုရှိ သည့်  သင်္ဘောများ ပင်လယ်နီကို ဖြတ်သန်းသည့်အခါ      ၎င်းတို့ ပစ်မှတ်ထားမည်ဟုလည်း  ပြော သည်။   သင်္ဘောအမှုထမ်းများ လုံခြုံမှုရှိကြောင်းနှင့် သင်္ဘောကို ၎င်းတို့    အပိုင်စီးထားခြင်းဖြစ် ကြောင်း တရားဝင်ပြသရန် ယခု လို    ဗီဒီယိုဖိုင်   ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။  ဟူသီတို့က ခန့်အပ် ထားသည့်    အီရန်နိုင်ငံဆိုင်ရာ  ဟူသီအဖွဲ့ သံအမတ်အီဘရာဟင် အယ် ဒိုင်လာမီက နိုဝင်ဘာ ၂၂ ရက်တွင်   အင်န်အိတ်ချ်ကေကို ဖြေကြားခဲ့သည်။   ၎င်းတို့အုပ်စုမှာ  ဂျပန်ပြည်သူများကို ပစ်မှတ်ထား ခြင်းမရှိဘဲ      အစ္စရေးကိုသာ ပစ်မှတ်ထားခြင်း        ဖြစ်ကြောင်း  ၎င်းကဖြေကြားခဲ့သည်။ သင်္ဘော နှင့် အမှုထမ်းများပြန်လွှတ်ပေး ရေးကိုမူ  ဖြေကြားခဲ့ခြင်းမရှိဘဲ အခြေအနေများ      ပြောင်းလဲ တိုးတက်လာမည့်အပေါ် မူတည် သည်ဟု ဖြေကြားခဲ့သည်။ 


အင်န်အိတ်ချ်ကေ