
လော့စ်အိန်ဂျလိစ် ဖေဖော်ဝါရီ ၂
အမေရိကန်ပြည်ထောင်စု ပင်လယ် ကူး အပျော်စီးသင်္ဘောတစ်စင်း ပေါ်ရှိ လူပေါင်း ၁၃၉ ဦးမှာ အစာအိမ် နှင့် အူလမ်းကြောင်းဝေဒနာ ခံစားနေရသည်ဟု အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် ရေးစင်တာက ဖေဖော်ဝါရီ ၂ ရက် တွင် ပြောသည်။
ဗစ်တိုးရီးယားဘုရင်မ အမည်ရှိ အပျော်စီးသင်္ဘောသည် ဇန်နဝါရီ ၂၂ ရက်ကဖလော်ရီဒါမှ ထွက်ခွာ လာခဲ့ပြီး ဖေဖော်ဝါရီ ၁၂ ရက်တွင် ဟာဝိုင်ယီသို့ ရောက်မည်ဖြစ် သည်။ အဆိုပါသင်္ဘောပေါ်တွင် ခရီးသည် ၁၈၂၄ ဦးလိုက်ပါလာပြီး ၎င်းတို့အနက် ၁၂၃ ဦးမှာ ခရီးစဉ် အတွင်း နေမကောင်းဖြစ်မှုကို ခံစားနေရကာ သင်္ဘောအမှုထမ်း ၉၆၇ ဦး အနက် ၁၆ ဦးမှာလည်း နေမကောင်းဖြစ်နေသည်ဟု သိရ သည်။ ၎င်းတို့မှာ ဝမ်းလျှော ခြင်းနှင့် အော့အန်ခြင်းတို့ ခံစား နေရသည်ဟု အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာက ပြောသည်။
ဖျားနာမှု ဖြစ်ပွားရခြင်း အကြောင်းရင်းကိုမူ မသိရချေ။ ရောဂါဖြစ်ပွားမှုကို တုံ့ပြန်သည့် အနေဖြင့် သင်္ဘောပေါ်တွင် ရောဂါ ဖြစ်ပွားသူများကို သီးခြားခွဲထား ခြင်း ၊ ပိုးသတ်ခြင်းနှင့်သန့်ရှင်းရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြ သည်။ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ရေယာဉ် သန့်ရှင်းရေးအစီအစဉ်အရ သင်္ဘော ပေါ်တွင် ရောဂါဖြစ်ပွားမှုနှင့် သန့်ရှင်းရေး လုပ်ငန်းစဉ်များကို အဝေးမှ စောင့်ကြည့်လျက်ရှိသည် ဟု အေဂျင်စီကပြောသည်။
ဆင်ဟွာ