ပင်လည်ဘူးမြို့တွင် NLD ပါတီ ထောက်ခံသူအစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့ခြိမ်းခြောက်၊ လူသတ်၊ မီးရှို့၊ မိုင်းထောင် ဖောက်ခွဲမှုများကြောင့် လုံခြုံစိတ်ချရသောနေရာများတွင် နေထိုင်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများကို စားသောက်ဖွယ

 

နေပြည်တော်  ဧပြီ   ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည် ဘူးမြို့နယ်အတွင်း    NLD   ပါတီ ထောက်ခံသူ     အစွန်းရောက် အကြမ်းဖက်အဖွဲ့နှင့်      PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့ခြိမ်းခြောက်၊   လူသတ်၊ မီးရှို့၊ မိုင်းထောင်ဖောက်ခွဲမှုများ ကြောင့်    ထွက်ပြေးတိမ်းရှောင် နေကြရပြီး   မိမိတို့၏    အသက် အိုးအိမ်စည်းစိမ်    လုံခြုံစိတ်ချရ သည့်   နေရာများတွင်   ခေတ္တ နေထိုင်နေကြရသူများကို နေထိုင် စားသောက်မှု အဆင်ပြေစေရန်နှင့် ၎င်းတို့၏ ဒေသများတွင် ပြန်လည် နေထိုင်နိုင်ရန်အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ က   ကူညီဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့   ဆောင်ရွက်ပေးလျက် ရှိရာ ဧပြီ ၂၂ ရက်တွင် စစ်ကိုင်း တိုင်းဒေသကြီး   ဝန်ကြီးချုပ် ဦးမြတ်ကျော်၊   အနောက်မြောက် တိုင်းစစ်ဌာနချုပ်      တိုင်းမှူး ဗိုလ်မှူးချုပ်     သန်းထိုက်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ပင်လည်ဘူးမြို့တွင်  NLD  ပါတီ ထောက်ခံသူ       အစွန်းရောက် အကြမ်းဖက်အဖွဲ့နှင့်     PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့ ခြိမ်းခြောက်၊ လူသတ်၊ မီးရှို့၊ မိုင်းထောင်ဖောက်ခွဲမှုများ ကြောင့် လုံခြုံစိတ်ချရသော နေရာ များတွင်    နေထိုင်လျက်ရှိသော ဌာနဆိုင်ရာ      ဝန်ထမ်းများကို သွားရောက်တွေ့ဆုံ   အားပေး စကားပြောကြားပြီး   တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် ငွေကျပ်သိန်း  ၃၀၀ ၊   ငါးခြောက် သုံးအိတ်၊    ငါးသေတ္တာ  ငါးဖာ၊ ခေါက်ဆွဲခြောက် ၁၄ ဖာ၊ ကြာဆံ ၁၄ ဖာ၊  ကော်ဖီမစ်ထုပ်များနှင့် ဆေးမျိုးစုံ   တစ်ဖာတို့ကိုလည်း ကောင်း၊   တိုင်းစစ်ဌာနချုပ်မှ လှူဒါန်းသည့် Royal D ဖာ ၃၀ ၊ ငါးခြောက် ပိဿာ ၃၀၊ ခေါက်ဆွဲ ခြောက် ဖာ ၄၀၊ ကြက်ဥ  အလုံး ၁၀၀၀၊ ငါးပိ အထုပ် ၁၀၀ နှင့် ရေဆူဆေးပြားဘူး  ၃၀  တို့ကို လည်းကောင်း ထောက်ပံ့ပေးအပ် ကာ   လိုအပ်သည်များ    ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက်    တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန် ရှိသူများသည်   မွန်းလွဲပိုင်းတွင် ရွှေဘိုမြို့  မြို့မဈေးကြီး ဆိုင်ခန်း သစ်များဖွင့်ပွဲသို့  တက်ရောက်၍ တိုင်းဒေသကြီး   ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး  ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးသည်။ 
ယင်းနောက် ရွှေဘိုမြို့  မြို့မ ဈေးကြီး    ဆိုင်ခန်းသစ်များအား တာဝန်ရှိသူများထံ   လွှဲပြောင်း ပေးအပ်ခဲ့ပြီး     ဆိုင်ခန်းများကို လိုက်လံ      ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။      

သတင်းစဉ်