
နောင်တရား ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်းပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်း မြို့နယ် ပင်မွန်းကျေးရွာအုပ်စု ဉာဏ်ပင်ကျေးရွာအနီးတစ်ဝိုက်၌ အမြင့် နှစ်ပေခွဲခန့် သီးပွင့်ဆဲဘိန်းစိုက်ခင်း ၃၅ ဧက ခန့်ကို ဇန်နဝါရီ ၂၁ ရက် တွင် ဖျက်ဆီးသည်။
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် တင်ကိုကို၊ တောင်ကြီး ခရိုင် ရဲတပ်ဖွဲ့မှ ခရိုင်ရဲမှူး ဒုရဲမှူးကြီး စိုးသန်းတို့က ကြီးကြပ်၍ ပင်လောင်း မြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်ရဲမှူး ရဲမှူးသက်အောင် ဦးစီးသော ရဲတပ်ဖွဲ့ ဝင်များ၊ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်သိန်းအောင် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များ၊ ပင်လောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခွန်သိန်းရွှေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်း အင်အား ၁၂၇ ဦးဖြင့် ပင်မွန်းကျေးရွာအုပ်စု ဉာဏ်ပင်ကျေးရွာ၏ အနောက်ဘက် တစ်မိုင်ခန့် အမြင့်နှစ်ပေခွဲခန့်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၀ ဧက ခန့်၊ ကျေးရွာ၏ အနောက်မြောက်ဘက် နှစ်မိုင်ခန့်နှင့် အနောက် မြောက်ဘက် တစ်မိုင်ခန့်တွင် အမြင့်နှစ်ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းစိုက် ခင်း ၂၅ ဧကခန့် စုစုပေါင်း ဘိန်းစိုက်ခင်း ၃၅ ဧက ခန့်ကို မြက်ဖြတ် စက် ၂၅ လုံးဖြင့် ဖျက်ဆီးနိုင်ခဲ့သည်။
၂၀၂၁ မှ ၂၀၂၂ ခုနှစ် ဘိန်းစိုက် ရာသီအတွင်း ယနေ့အထိ ဘိန်းစိုက် ခင်းဧက စုစုပေါင်း ၁၉၅၂ ဧကခန့်ကို ဖျက်ဆီးဆောင်ရွက်ခဲ့ကြောင်း ပင်လောင်းမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။
ခွန်အောင်(နောင်တရား)