ပြင်ဆင်ဖတ်ရှုပါရန်

 

ဇန်နဝါရီ  ၂ ရက်နေ့ထုတ်   မြန်မာ့အလင်းသတင်းစာ  စာမျက်နှာ  (၁)ပါ “ရန်ကုန်ဆိပ်ကမ်းသို့ တစ်နှစ်တာအတွင်း   သင်္ဘောစင်းရေ ၆၀၀ ကျော် ဝင်ရောက်”  သတင်းအပိုဒ်  ၁ ပါ သင်္ဘောစင်းရေ ၆၀၀ ကျော်အစား ကုန်သေတ္တာတင်  သင်္ဘောစင်းရေ ၆၀၀ ကျော်ဟုလည်း ကောင်း၊   စာပိုဒ် ၆ ပါ   “ကုန်သွယ်မှုများကို   ရန်ကုန်အပြည်ပြည် ဆိုင်ရာ   ဆိပ်ကမ်းမှ  အလျားမီတာ ၂၀၀၊ တန်ချိန် ၃၀၀၀ ရှိသည့် အပြည်ပြည်ဆိုင်ရာ ကုန်တင်သင်္ဘောဆိုက်ကပ်နိုင်သော ဆိပ်ခံတံတား ၂၇ စင်း” အစား “ပင်လယ်ရေကြောင်းဖြင့် နိုင်ငံတကာကုန်သွယ်မှုများ အတွက်  ရန်ကုန်အတွင်းဆိပ်ကမ်းဧရိယာတွင် အလျားမီတာ ၂၀၀၊ Deadweight Tonnage (DWT)  တန် ၃၅,၀၀၀  ရှိသော အပြည်ပြည် ဆိုင်ရာ  ကုန်တင်သင်္ဘောကြီးများ  ဝင်ရောက်ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်း တံတား ၂၈ စင်း”ဟုလည်းကောင်း၊ စာပိုဒ် ၇ ပါ “သီလဝါ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းမှလည်း အလျားမီတာ ၂၅၀၊ တန်ချိန် ၃၅၀၀ ရှိသည့်  အပြည်ပြည်ဆိုင်ရာ  ကုန်တင်သင်္ဘော ဆိုက်ကပ် နိုင်သော  ဆိပ်ခံတံတား  ၁၉ စင်း” အစား “သီလဝါအပြင်ဆိပ်ကမ်း ဧရိယာတွင် အလျားမီတာ ၃၀၀၊ Deadweight Tonnage (DWT) တန် ၅၀,၀၀၀ ရှိသော အပြည်ပြည်ဆိုင်ရာ ကုန်တင်သင်္ဘောကြီးများ ဝင်ရောက်ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်း တံတား ၂၀ စင်း” ဟု လည်း ကောင်း ပြင်ဆင်ဖတ်ရှုပေးပါရန်။
(စာတည်းအဖွဲ့)