ပြင်ဆင်ဖတ်ရှုပါရန်

 

၂၀-၁၁-၂၀၂၂ ရက်နေ့ထုတ်  မြန်မာ့အလင်းသတင်းစာတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲနှင့်စပ်လျဉ်း၍ စာမျက်နှာ ၉၊ ကော်လံ (၄)၊ ဒုတိယစာပိုဒ်တွင် ဖော်ပြပါရှိသည့် “(BAMM)” အစား “(EAMM)” ဟု ပြင်ဆင်ဖတ်ရှုပေး ပါရန်နှင့် တတိယစာပိုဒ်တွင် ဖော်ပြပါရှိသည့် “ယခုအချိန်သည် အာဆီယံထိပ်သီးအစည်းအဝေးများနှင့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နိုင်ငံရေးအရ ကိုယ်စားပြုသည့် ပုဂ္ဂိုလ်ကို မတက်ရောက်စေ သင့်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါကြောင်း၊ ယင်းအစည်းအဝေးတွင် အာဆီယံထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများသို့ မြန်မာနိုင်ငံမှ နိုင်ငံ ရေးအရ ကိုယ်စားမပြုသူ တက်ရောက်ရေးကိစ္စအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး၏ တူညီဆန္ဒ မရရှိဘဲ ဆုံးဖြတ်ခဲ့ပါကြောင်း” အစား “အာဆီယံထိပ်သီးအစည်းအဝေးများနှင့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ကိုယ်စားလှယ်ကိုသာ ဖိတ်ကြားရန် အာဆီယံအဖွဲ့ဝင် နိုင်ငံများအားလုံး၏ တူညီဆန္ဒမရရှိဘဲ ဆုံးဖြတ်ခဲ့ပါကြောင်း၊”ဟု ပြင်ဆင်ဖတ်ရှုပေးပါရန်။  စာတည်း