ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ထွက်ခွာမောင်းနှင်လာသည့် ချယ်ရီ(၂)ရေယာဉ်အား NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ဒေသန္တရလက်လုပ်မိုင်းဖြင့် အကြောင်းမဲ့လူမဆန်စွာ မိုင်းထောင်ဖောက်ခွဲခဲ့မှုနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်

 

နေပြည်တော်     ဒီဇင်ဘာ     ၂၁
ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ထွက်ခွာမောင်းနှင်လာသည့် ချယ်ရီ(၂)ရေယာဉ်အား ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းတွင် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ဒေသန္တရ လက်လုပ်မိုင်းဖြင့် အကြောင်းမဲ့ လူမဆန်စွာ မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ခရီးသွားပြည်သူ ၁၇ ဦး မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့သည်။    
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍   မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့်နှင့်  မြန်မာနိုင်ငံသဘင်အစည်းအရုံးတို့ က ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားများ ထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်