ပန်းဘဲတန်းမြို့နယ်ရှိ အစ္စလာမ်ဘာသာဝင်များ၏ ရာမဒန်လမြတ်ကာလတွင် ဥပုသ်ဝင်ရောက်ကြသူများအတွက် စားသောက်ဖွယ်ရာများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

 

နေပြည်တော်   ဧပြီ   ၁၀


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ       အစ္စလာမ် ဘာသာဝင်များ၏     ရာမဒန်လမြတ်ကာလတွင်  ဥပုသ်ဝင်ရောက်ကြသူများအတွက်   စားသောက် ဖွယ်ရာများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊    ရန်ကုန်တိုင်းစစ်ဌာနချုပ်   တိုင်းမှူး  ဗိုလ်ချုပ်   ညွန့်ဝင်းဆွေနှင့်      တာဝန်ရှိသူများက  သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိသည်။

 


ထိုသို့ပေးအပ်လှူဒါန်းလျက်ရှိရာ  ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ဗိုလ်ဆွန် ပက်လမ်းပေါ်ရှိ   ကျိုလီယာဂျာမေဗလီတွင်  ဥပုသ် ဝင်ရောက်သူ  ၂၀၀၊    တရားပေးဆရာ   လေးဦး၊ ဗလီအကျိုးတော်ဆောင်အဖွဲ့   အဖွဲ့ဝင်   သုံးဦးတို့ အတွက် စားသောက်ဖွယ်ရာများနှင့်  အလှူငွေများ  ကို    တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်    တိုင်းမှူးတို့က သွားရောက်ပေးအပ်     လှူဒါန်းခဲ့ကြကြောင်း  သိရ  သည်။


သတင်းစဉ်