“ပြဿနာရဲ့အရင်းအမြစ်နဲ့ အဓိကအဟန့်အတားက ဘာလဲ” ဆိုသည်ကို ထင်ဟပ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဟောင်း၏ ပြောဆိုချက်

Type

 

မိုးမြင့်

မြန်မာနိုင်ငံနဲ့  ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား  ဖြေရှင်းရခက်နေတဲ့ အရှုပ်အထွေးတစ်ခုအပေါ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အပြုသဘောဆောင်တဲ့ မှတ်ချက်တွေကြောင့် အမှန်အတိုင်း ရှိနေတဲ့ ပကတိအခြေအနေမှန်တစ်ခုကို ကမ္ဘာ့ပြည်သူတွေ သိခွင့်၊ မြင်ခွင့်ရခဲ့ပါပြီ။ မြန်မာ့သမိုင်းမှာ  ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ လူမျိုးတစ်ခုရဲ့ အရေးအရာ ဟာ  ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးသမိုင်းမှာ အမြဲတမ်းကစားနေကျ  နိုင်ငံရေးခွင်တစ်ခုအဖြစ် အမြဲအသုံးချခံခဲ့ရပါတယ်။ အထူးသဖြင့် BNP လို့ခေါ်တဲ့ ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဟာ မြန်မာလူမျိုးတွေ လက်မခံတဲ့  ရိုဟင်ဂျာအမည်ကို အမြဲသုံးပြီး  ပြောင်ပြောင်တင်းတင်း နိုင်ငံရေးလုပ်စားခဲ့ကြဖူးပါတယ်။ ယခု လက်ရှိအာဏာရ      ရှိတ်ဟာစီနာ ခေါင်းဆောင်တဲ့ အဝါမီလိဂ်ပါတီကတော့ BNP နဲ့စာရင် ဆန့်ကျင်ဘက် အပြုသဘောဆန်တဲ့ဘက်မှာ ရပ်တည်လာနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ယခင်နိုင်ငံခြားရေးဝန်ကြီး 
လက်ရှိလွှတ်တော်ကော်မတီဥက္ကဋ္ဌ၏ အမြင် 
ဆိုရရင် နှစ်နိုင်ငံအကြား အချေအတင် ဖြစ်နေရတဲ့ ဘင်္ဂါလီအရေးမှာ ဘင်္ဂလား ဒေ့ရှ်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက်သို့   ပြန်ခေါ်ရေးဟာ ယခင်ကတည်းက  နှစ်နိုင်ငံအကြား သဘောတူညီထားပြီး       ကိစ္စရပ်ဖြစ်ပါ တယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ခေါ်ရေး မှာ မြန်မာနိုင်ငံအစိုးရဘက်က စိတ်အား ထက်သန်မှု    အမှတ်လက္ခဏာတွေကို အကြိမ်ကြိမ်   ပြသခဲ့ပြီးလည်း   ဖြစ်ပါ တယ်။ အကောင်အထည် မပေါ်နိုင်သေး တဲ့ အချက်တွေရှိရာမှာ ဘယ်လိုအချက် တွေကြောင့်လဲဆိုတာ ယခုဘင်္ဂလားဒေ့ရှ် ဘက်က ထုတ်ဖော်ပြောဆိုလာပြီ ဖြစ်ပါ တယ်။ 
ရခိုင်ပြည်နယ်မှ    နေရပ်စွန့်ခွာခဲ့သူ တွေကို မြန်မာနိုင်ငံက ပြန်လည်လက်ခံ ရေးကိစ္စနဲ့စပ်လျဉ်းပြီး အခြေအနေမှန်ကို ပြောကြားခဲ့သူက   ယခင်နိုင်ငံခြားရေး ဝန်ကြီး    မစ္စတာ အေကေ အဗ္ဗဒူမိုမန် (Mr.A K Abdul Moman)  ဖြစ်ပါတယ်။ သူဟာ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်လွှတ်တော်         နိုင်ငံခြားရေးဆိုင်ရာ   ကော်မတီဥက္ကဋ္ဌ အဖြစ်         တာဝန်ထမ်းဆောင်နေပြီး ဘင်္ဂလားဒေ့ရှ်သတင်းဌာနတစ်ခုဖြစ်တဲ့ Daily Jugantor နဲ့  တွေ့ဆုံရာမှာ ယခုလို ဖြေကြားပြောဆိုခဲ့တာပဲဖြစ်ပါတယ်။
သူတို့ဘက်ကတော့  ထုံးစံအတိုင်း ဘင်္ဂါလီကို ရိုဟင်ဂျာအသုံးအနှုန်းပဲ သုံးစွဲ ပါတယ်။  ကျွန်တော်တို့ဘက်ကတော့ မြန်မာတိုင်းရင်းသား ၁၃၅ မျိုးထဲမှာမပါ တဲ့အတွက် ဘင်္ဂါလီလူမျိုးကို ဘင်္ဂါလီလို့ပဲ သုံးနှုန်းပါရ‌စေ။ ကော်မတီဥက္ကဋ္ဌအနေနဲ့ က   ဒုက္ခသည်တွေ  နေရပ်မပြန်ရခြင်း အကြောင်းကို         သူ့နိုင်ငံအတွင်းမှာ အမြစ်တွယ်လှိုက်စားနေတဲ့ နာတာရှည် ကင်ဆာဆဲလ်များအဖြစ် တင်စားသွားခဲ့ ပါတယ်။ ဒုက္ခသည်တွေကို မြန်မာနိုင်ငံက ပြန်ခေါ်ဖို့            အစီအစဉ်ရှိကြောင်းကို သူ့အနေနဲ့     အသိအမှတ်ပြုသွားခဲ့ပါပြီ။ အဓိကအဟန့်အတားနဲ့          လက်သည် တရားခံက  ကုလသမဂ္ဂမဟာမင်းကြီးရုံး (UNHCR)၊  နိုင်ငံအချို့နဲ့  မီဒီယာများ၊ နိုင်ငံအချို့လို့ဆိုရာမှာ        အဓိကက အမေရိကန်ဖြစ်ကြောင်း ထောက်ပြသွား ပါတယ်။  
အဓိကလက်သည်တရားခံများဟု
ဘာကြောင့်ဆိုရပါသလဲ
ဘင်္ဂလားဒေ့ရှ်လွှတ်တော် ကော်မတီ ဥက္ကဋ္ဌရဲ့ဖြေကြားချက်အရ     UNHCR ၊  အမေရိကန်နဲ့ အပေါင်းပါမီဒီယာတွေဟာ ဒုက္ခသည်တွေကို   မြန်မာနိုင်ငံသို့မပြန် ကြဘဲ လက်ရှိဒုက္ခသည်စခန်းတွေမှာပဲ နေထိုင်ကြဖို့၊ လိုအပ်တဲ့စားနပ်ရိက္ခာတွေ ကိုလည်း         ထောက်ပံ့ပေးမှာဖြစ်တဲ့ အကြောင်း စည်းရုံးပြောဆိုနေခဲ့တယ်လို့ သိရပါတယ်။ ယခင် ၁၉၉၀ ပြည့်နှစ်များ မှာ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေကို အောင်အောင်မြင်မြင် ပြန်လည်ခေါ်ဆောင် ခဲ့တဲ့သမိုင်းကြောင်း ရှိခဲ့ကြောင်းကိုလည်း အသိအမှတ်ပြု       ပြောကြားခဲ့တဲ့အပြင် ဒီအချက်ဟာ အဲဒီကာလက အရေအတွက် နည်းပါးလှတဲ့ မီဒီယာတွေကြောင့် အခြေ အနေမှန်ကို အမှန်အတိုင်းသိခွင့်ရခဲ့ခြင်း ဖြစ်ပြီး ယခုအချိန်မှာတော့   မှိုလိုပေါက် လာတဲ့   မီဒီယာတွေကြောင့်ဖြစ်ပြီး ဒုက္ခသည်တွေ     နေရပ်မပြန်ကြဖို့သာ အလေးပေးဖော်ပြကြတဲ့၊         မရိုးသား လိမ်လည်လှည့်ဖျားတဲ့       မီဒီယာတွေ ကြောင့်ဆိုတဲ့ အခြေအနေမှန်ကို ယခုလို ဖော်ထုတ်ပြောဆိုခဲ့ခြင်းဖြင့် အနာဂတ် မှာ ဒုက္ခသည်တွေအရေးဟာ အားရစရာ တိုးတက်မှုများ ရှိလာမှာဖြစ်ကြောင်း သုံးသပ်နိုင်မှာဖြစ်ပါတယ်။
လက်ရှိသူတို့နိုင်ငံက ဒုက္ခသည်တွေ အရေး     ယခုလိုကြန့်ကြာနေရတာဟာ UNHCR လို     နိုင်ငံတကာအဖွဲ့တွေရဲ့ လက်ချက်ဖြစ်ကြောင်း၊  စီးပွားရေးအရ အသုံးချနေကြခြင်း        ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်  ဒုက္ခသည်စခန်းတင်မက ကမ္ဘာတစ်ဝန်းက      ဒုက္ခသည်စခန်း အားလုံးမှာလည်း  စီးပွားရေးအရ  ဒီလို လုပ်ကွက်တွေရှိနေတာ    အစဉ်အလာ တစ်ခုဖြစ်ကြောင်း အတိအလင်းထောက်ပြ ခဲ့တာတွေ့ရပါတယ်။ ဒုက္ခသည်တွေမရှိ ရင် ဒီအဖွဲ့တွေအ‌နေနဲ့ အလုပ်လက်မဲ့ ဖြစ်သွားမယ့်အရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယခင်နိုင်ငံခြားရေးဝန်ကြီးက မှတ်ချက် ပြုသွားခဲ့ပြီဆိုတော့ အခြေအနေမှန်ကို နားလည်လက်ခံလာတဲ့          သဘောလို့ ယူဆရပါမယ်။ 
ဒုက္ခသည်တွေအနေနဲ့ မြန်မာနိုင်ငံ ကိုပြန်ဖို့  အခြေအနေကောင်းတွေ မရှိ သေး ကြောင်း၊       ပြန်လည်နေရာချထားရေး အတွက်     အစီအစဉ်ကောင်းတွေလည်း မရှိသေးကြောင်း စသည်ဖြင့် ထိုအဖွဲ့ အစည်းတွေရဲ့ ဝါဒဖြန့်မှုတွေကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ယခင်နိုင်ငံခြားရေးဝန်ကြီးက ပြန်လည်အသိပေးပြောကြားခဲ့ပါတယ်။ ၎င်းရဲ့ပြောကြားချက်တွေထဲမှာ ဒုက္ခသည် တွေနေဖို့  အဲဒီဒေသမှာ အိန္ဒိယနိုင်ငံ၊  တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံတို့က  နေအိမ် တွေ  ကောင်းကောင်းဆောက်ပေးထားတဲ့ အချက်ကို ဘင်္ဂလားဒေ့ရှ်ရော အမေရိကန် ကပါ အသိအမှတ်ပြုပါတယ်။   ဒါပေမယ့် ဒုက္ခသည်တွေကို          မြန်မာနိုင်ငံဘက် မပြန်ခိုင်းဘဲ အမေရိကန်နိုင်ငံကို ခေါ်ယူ မယ်ဆိုပြီး မက်လုံးပေးကြပြန်တယ်လို့ ဥက္ကဋ္ဌကပြောပါတယ်။      ဒါကြောင့် နှစ်နိုင်ငံအကြား    ဒုက္ခသည်အရေးကို နှစ်နိုင်ငံချင်းသာ     ညှိနှိုင်းဖြေရှင်း သင့်တယ်လို့  ဥက္ကဋ္ဌဘက်က  ပိုယုံကြည် သွားပါတယ်။     အခြား တတိယနိုင်ငံ၊  တတိယအဖွဲ့အစည်း    ဘယ်လို Third party   မျိုးကိုမှ  မလိုအပ်ဘဲ  ထိုအဖွဲ့ အစည်းနဲ့ နိုင်ငံတွေအပေါ် ယုံကြည်မှု ကင်းမဲ့သွားတဲ့သဘောကို     ယခုလို   ပြောဆိုလိုက်ခြင်းအားဖြင့် နှစ်နိုင်ငံနဲ့ပဲ ဆိုင်တဲ့     နှစ်နိုင်ငံကြား   ပြဿနာ ဖြစ်ကြောင်းကို  ပိုပြီးအလေးအနက်ထား လာခြင်းဖြစ်တယ်လို့ သုံးသပ်မိပါတယ်။  
ဒုက္ခသည်စခန်းရဲ့အနိဋ္ဌာရုံတွေမှာ
ဘယ်သူတွေတာဝန်ရှိသလဲ ပြောပြီ
ဘင်္ဂလားဒေ့ရှ်လွှတ်တော်ကော်မတီဥက္ကဋ္ဌရဲ့ နောက်ထပ်ပြောကြားချက်တွေ ရှိပါသေးတယ်။   ဒုက္ခသည်   သိန်းဂဏန်း ရှိတဲ့            ကော့ဘဇားဒုက္ခသည်စခန်း အ‌ကြောင်းပါ။ အနည်းငယ် ပြန်ကောက် ရရင် ထိုစခန်းတွေမှာ အနိဋ္ဌာရုံတွေများလှ ပါတယ်၊      မကြာခဏမီးရှို့ခံရတယ်၊ ရာဇဝတ်ဂိုဏ်းပေါင်းစုံတွေ      အကြား အပြန်အလှန်ပစ်ခတ်မှုတွေနဲ့  ဘင်္ဂါလီ ခေါင်းဆောင်တွေ လုပ်ကြံသတ်ဖြတ်ခံရမှု တွေရှိတယ်။     လုပ်ကြံခံရသူတွေဟာ မြန်မာဘက်ပြန်လိုတဲ့ ဘင်္ဂါလီတွေဖြစ်ပြီး လုပ်ကြံမှုတွေဟာ         အာဆာအဖွဲ့နဲ့ ပတ်သက်မှုရှိတယ်လို့လည်း   သိရပြန် တယ်။   ဒါ့အပြင်  စိတ်ကြွမူးယစ်ဆေး ဖမ်းမိတဲ့သတင်းတွေကိုလည်း မကြာ ခဏကြားသိနေရတယ်။ ဒုက္ခသည်တွေ ဟာ တဲအိမ်တွေနဲ့ အစုလိုက်အပြုံလိုက် နေရတာဖြစ်တယ်။ သဘာဝဘေးဒဏ်၊ လူလုပ်ဘေးဒဏ်များ     ခံစားရသလို ဘေးကင်းလုံခြုံမှုမရှိ ဂုဏ်သိက္ခာမဲ့စွာ နေရတယ်လို့ ဒုက္ခသည်တွေက ညည်းညူ ကြပါတယ်။ 
ဒါကြောင့်   ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ရောက်နေတဲ့ ဒုက္ခသည်တွေဟာ သူတို့ နေရပ် သူတို့ပြန်ချင်ကြတယ်။   ဒါပေမယ့် သူတို့ကို ပြန်ခွင့်မပေးတာက ဒီစခန်းမှာ အဓိကတာဝန်ယူ   လုပ်ကိုင်နေကြတဲ့ နိုင်ငံတကာ           အဖွဲ့အစည်းတွေနဲ့ အမေရိကန်တို့ပဲဆိုတာ ကော်မတီဥက္ကဋ္ဌ က  ပြောသွားပါတယ်။ ဒုက္ခသည်စခန်း တစ်ခုဆိုတာ နိုင်ငံတကာအလှူငွေကို လက်ခံရရှိစမြဲပါ၊ ဘယ်လောက်ပမာဏနဲ့ ဘယ်လိုရရှိနေသလဲ၊      ထိုစခန်းတွေက နိုင်ငံတကာအဖွဲ့အစည်းတွေက လက်ခံ ရရှိတဲ့ အလှူငွေတွေကို ဘယ်လိုသုံးစွဲ နေကြသလဲ၊ အသေအချာမသိရပါဘူးတဲ့၊ ဒီလို မသိရတဲ့အတွက် သူတို့အစိုးရအနေ နဲ့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေရ ကြောင်းနဲ့ စခန်းတွေကို ပိတ်သိမ်းသင့် ကြောင်း ပြောကြားသွားပါတယ်။ 
ဒီလိုဖြစ်နေတာဟာ INGO အဖွဲ့တွေ နဲ့ UNHCR လိုအဖွဲ့တွေ၊  အမေရိကန်လို နိုင်ငံတွေမှာပဲ  တာဝန်ရှိတဲ့သ‌ဘောကို ဆိုလိုဟန်ရှိပါတယ်။ တစ်ချိန်တစ်ခါတုန်း ကတော့      ဘင်္ဂလားဒေ့ရှ်အပါအဝင် အနောက်အုပ်စုဟာ မြန်မာနိုင်ငံဘက်က ယခုလိုပြင်ဆင်ထားရှိမှု အခြေအနေတွေ ကို အနှစ်မပါတဲ့လုပ်ရပ်အဖြစ် စွပ်စွဲခဲ့ကြ ဖူးကြောင်း ဒီနေရာမှာ ကြုံတုန်းထောက်ပြ လိုပါတယ်။   
ဘင်္ဂလားဒေ့ရှ်က     လက်ရှိနေထိုင် နေရတဲ့ ဒုက္ခသည်စခန်းတွေနဲ့  ဆန့်ကျင် ဘက်            မြန်မာနိုင်ငံဘက်မှာတော့ 
ယခင်ကတည်းကပင်   ပြန်လည်လက်ခံ ရေးစခန်းတွေကို   အဆင်သင့်  နေထိုင် နိုင်အောင်           ဆောက်လုပ်ပေးထားပြီး
ဖြစ်တယ်ဆိုတာ   ပြန်အမှတ်ရဖို့ လိုပါ တယ်။ တောင်ပြိုလက်ဝဲ၊  ငါးခူရစခန်းနဲ့ လှဖိုးခေါင်ကြားစခန်းတွေဟာ ပြန်လာမယ့် သူတွေအတွက် ကောင်းမွန်တဲ့ပတ်ဝန်း ကျင်တွေ ဖြစ်ခဲ့ပါတယ်၊၊     ကုန်းလမ်းက လာလာ၊ ရေလမ်းကလာလာ နေဖို့ရွာတွေ အသင့်ပြင်ထားပေးခဲ့တယ်။      ပြင်ဆင် ထားရှိမှုအခြေအနေကို ဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေကိုယ်တိုင် လာရောက်လေ့လာဖူးပါတယ်။    ဒုက္ခ သည်  ၃၄၅၀ ပြန်လာဖို့  ၂၀၁၉  ခုနှစ် ဩဂုတ်လအတွင်း သဘောတူညီမှုတစ်ခု ရပြီးခဲ့တာတောင်  သူတို့ပြန်မလာခဲ့ကြပါ ဘူး။ တင်ပြခဲ့သလို အဟန့်အတားတွေ ကြောင့်ပဲဖြစ်ပါတယ်။       မိမိဘက်က ဘယ်လိုပဲ      ပြင်ဆင်ထားရှိစေကာမူ ပြန်လည်လက်ခံရေးဟာ    တစ်ဖက်က ပြန်ပို့နိုင်မယ့်  အခြေအနေအပေါ်  မူတည် ခဲ့ကြောင်း ယခင်ထားရှိခဲ့တဲ့ မြန်မာနိုင်ငံရဲ့   သ‌ဘောထားကို  ယနေ့မှာတော့   ပြန်လည် လက်ခံပြီလို့ပဲ ယူဆရမှာဖြစ်ပါတယ်။
ပြည်ပပယောဂအစုံနဲ့ထိုးကျွေးခံဘဝ
တွေအကြောင်း ပြောနေပြီ
သမိုင်းကြောင်းကို     ပြန်ကြည့်ရင် ဘင်္ဂါလီတွေမှာ     အကွဲကွဲအပြားပြား ဖြစ်နေတဲ့ သဘောရှိတယ်။ ရိုးရိုးသားသား  ဒုက္ခသည်တွေရှိကြသလို ARU အပါအဝင် အဖွဲ့အစည်းအသီးသီးရဲ့ အရိပ်အောက် မှာ ထိုးကျွေးခံဘဝတွေအဖြစ်နဲ့ ရပ်တည် နေကြရတယ်။      နိုင်ငံရပ်ခြားပယောဂ အပြည့်ပါတဲ့အထဲမှာ  OIC  က  ပိုပြီး ထင်ရှားတယ်။ US နဲ့ EU လည်းပါသလို ICJ နဲ့ HRW တို့ကလည်း ဝင်စွက်ခဲ့ကြ တယ်။  ARSA လို အကြမ်းဖက်အဖွဲ့အစည်း တွေလည်း ပါတာပဲ။ 
ဘေးတီးတဲ့အထဲမှာ   BBC ၊    VOA ၊ RFA ၊  DVB    နိုင်ငံခြားသတင်းဌာနအစုံ လည်းပါတယ်။ သူတို့အားလုံးရဲ့ ကိုယ်စီ ရည်မှန်းချက်မှာ ဘင်္ဂါလီနိုင်ငံအိပ်မက်ထူထောင်ဖို့အထိ ရည်မှန်းထားတယ်။ ပြင်ပ ပယောဂအစုံအောက်မှာ ကပ်ဘေး သင့်တဲ့အထဲ ဘင်္ဂါလီတွေသာမက ရခိုင် လူမျိုးတွေလည်း      ပါခဲ့တာကို‌တော့ မျက်ကွယ်ပြုထားကြတယ်။ ဘင်္ဂါလီတွေ သာမက  ရခိုင်လူမျိုးတွေလည်း  နေရပ် စွန့်ခွာကြရတာပါ။ မတူတာက ဘင်္ဂါလီ တွေက INGO တွေရဲ့ အထောက်အပံ့နဲ့ စားရေရိက္ခာရကြတယ်။    ဘင်္ဂါလီတွေ အတွက် ဒုက္ခသည်စခန်းတွေဟာ နိုင်ငံ ရပ်ခြား INGO တွေနဲ့ စွက်ဖက်လိုသူ ပြင်ပ အင်အားစုတွေအတွက်တော့ ဆုလာဘ် ကြီးဖြစ်သလို   ဘင်္ဂါလီကို   ဗန်းပြပြီး ဘင်္ဂါလီတွေကို သတ်ဖြတ်တယ်၊  အဓမ္မ ပြုကျင့်တယ်  စသဖြင့်  ဇာတ်နာအောင် လုပ်တာလည်း သူတို့ပါပဲ။ 
ဒါကြောင့်လည်း ဒုက္ခသည်တွေဟာ နေရပ်ပြန်ဖို့   ကြောက်လန့်ခဲ့ကြတယ်။ တစ်ချိန်တည်းမှာ    မြန်မာနိုင်ငံအစိုးရနဲ့ ဒုက္ခသည်တွေအကြား ဒေသခံရခိုင်လူမျိုး တွေနဲ့ ဒုက္ခသည်တွေအကြားမှာ ရန်တိုက် ပေးခဲ့တဲ့အတွက်  မြန်မာနိုင်ငံကို  ကမ္ဘာ့ အလယ်မှာ   အကောင်းမမြင်၊    လူဆိုး ဖြစ်အောင် ဖန်တီးပြီးသားဖြစ်သွားသလို သူတို့ရဲ့ မကောင်းတဲ့လုပ်ရပ် အမှား‌တွေ ကို‌   ဖုံးကွယ်ပြီးသားလည်း  ဖြစ်သွားပါ တယ်။      လုပ်ရပ်အမှားတွေဆိုတာက စီးပွားရေးအရ ခွင်တစ်မျိုး၊ နိုင်ငံရေးအရ မြန်မာနိုင်ငံကို မတည်မငြိမ်ဖြစ်အောင် လုပ်၊   မြန်မာ့တပ်မတော်ကို   သိက္ခာချ၊ Genocide နဲ့ ထောင်ချောက်ဆင်၊ ဒုက္ခ သည်အရေး    ဗန်းပြပြီး   မြန်မာနိုင်ငံကို မတော်မတရားစွပ်စွဲ၊  အခွင့်အရေးရရင် နယ်မြေလူမျိုးအပါခွဲထွက်ပြီး      နိုင်ငံ ထူ‌ထောင်ဖို့အထိ အစီအစဉ်တွေရှိနေတာ ကို ဆိုလိုတာပါ။ 
အဲဒီအဖွဲ့တွေရဲ့      ဖန်တီးချက်တွေ ဟာ    ဒေသတွင်းမတည်မငြိမ်ဖြစ်စေမှု အထူးသဖြင့် တရုတ်နိုင်ငံရဲ့အကျိုးစီးပွား ထိခိုက်သည်အထိ     ရည်ရွယ်ပါတယ်။ ဥက္ကဋ္ဌရဲ့ပြောကြားချက်တွေအရ အမေရိ ကန်ဟာ မြန်မာကို အပုပ်ချနေပြီး ဒုက္ခ သည်တွေကို   အမေရိကန်က   စာနာပေး သယောင်လုပ်ပြနေခြင်းဟာ ကျွန်တော့် အနေနဲ့တော့  သူတို့ပြည်တွင်းနိုင်ငံရေး ခွင်အတွက်သာ လုပ်စားနေခြင်းတစ်မျိုး ဟု မှတ်ယူမိပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဟောင်းရဲ့ အမှန်  တကယ်   ယခုလိုဖြေကြားပြောဆိုချက် တွေဟာ    ယခင်ဆက်ဆက်ကတည်းက မြန်မာနိုင်ငံဘက်က အကြိမ်ကြိမ်ဖြေကြား ဖြေရှင်းခဲ့မှုတွေနဲ့ တစ်ထပ်တည်းကျနေ ကြောင်း သတိထားမိပါတယ်။ ယခုအချိန် မှာ ဘင်္ဂလားဒေ့ရှ်ဘက်က အခြေအနေ မှန်ကို     နားလည်လက်ခံလာပြီဖြစ်တဲ့ အတွက် မြန်မာနိုင်ငံအစိုးရရဲ့ ဆောင်ရွက် ချက်တွေကို       အသိအမှတ်ပြုလာတဲ့ သဘောဆောင်တယ်လို့လည်း ယူဆပါ တယ်။  နှစ်နိုင်ငံအကြား  ချစ်ကြည်ရင်းနှီး မှုနဲ့ အပြုသဘောချဉ်းကပ်မှုတွေဟာ ယခု ထက်ပိုပြီး အပေါင်းလက္ခဏာဆောင်လာ မယ့် သဘောများရှိလာပြီလို့ မျှော်လင့်ပါ တယ်။  
အခြားဘယ်အဖွဲ့အစည်း၊ ဘယ်နိုင်ငံ မှ မလိုပါ။     နှစ်နိုင်ငံအကြားကိစ္စရပ်ကို အိမ်နီးချင်းနိုင်ငံအချင်းချင်း        ညှိနှိုင်း ဖြေရှင်းခြင်းအားဖြင့်       ပိုပြီးထိရောက် အောင်မြင်မှုရှိလာမယ်လို့     ခံယူထားပါ တယ်။  ပြဿနာတစ်ရပ်ကို  အဖြေရှာ ရာမှာ   ညှိနှိုင်းဖြေရှင်းတဲ့နည်းလမ်းက ဖိအားပေးနည်းလမ်းနဲ့   ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ ပြဿနာရဲ့အရင်းအမြစ်က ဘာလဲဆိုတာ     ယနေ့   ဘင်္ဂလားဒေ့ရှ် လွှတ်တော်ကော်မတီဥက္ကဋ္ဌရဲ့   ပြောဆို ချက်တွေမှာ      ထင်ဟပ်နေပြီဖြစ်တဲ့ အတွက်      ထိုထောက်ပြချက်တွေကို    ဘယ်လိုမှမျက်ကွယ်ပြုလို့မရပါဘူး။ 
အရင်းအမြစ်ကို    ဖြေရှင်းနိုင်ပြီဆိုမှ သာ လက်တွေ့ကျ၊  မျှတပြီး ရေရှည်တည်မြဲ တဲ့   ငြိမ်းချမ်းတည်ငြိမ်မှုတစ်ခုကို   မလွဲ မသွေရရှိနိုင်မှာဖြစ်ပါ‌ကြောင်း ဤနေရာ ကနေ တင်ပြလိုက်ရပါတယ်။          ။