
မြစ်ကြီးနား မေ ၁၇
ကချင်ပြည်နယ် အစိုးရအဖွဲ့အနေ ဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်း နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည့်အပြင် လတ်တလော နယ်မြေမတည်ငြိမ် မှုဖြစ်စဉ်များကြောင့် ရွှေ့ပြောင်း နေထိုင်သူများအား အမိုး၊ အကာ ဖြင့် နေထိုင်စားသောက်မှု အဆင် ပြေစေရေး စီမံဆောင်ရွက်ပေး လျက်ရှိရာ မေ ၁၆ ရက် ညနေ ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပလနစိန့် ဂျိုးဇက်စခန်းမှ နေရပ်အသီးသီးသို့ ရွှေ့ပြောင်းနေထိုင်ကြမည့် မိသားစု များအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ် ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနား မြို့နယ် ပလနကျေးရွာအုပ်စု ပိတောက်မြိုင်ကျေးရွာရှိ စိန့်ဂျိူး ဇက်စခန်း၌ အိမ်ထောင်စုများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ် က ယခုလိုနေရပ်အသီးသီးတွင် အိုးအိမ်ပြန်လည် ထူထောင်ကြ မည်ဖြစ်သည့်အတွက် ပြောင်းရွှေ့ နေထိုင်စဉ် ကာလအတွင်း စားသောက်မှု အဆင်ပြေစေရေး လာရောက် ထောက်ပံ့ပေးရခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် လိုအပ် ချက်၊ အခက်အခဲများကိုလည်း အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးနိုင် ရေး စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အားပေးစကား ပြောကြားသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါစခန်းမှ မြစ်ကြီးနားမြို့နယ် ပလနကျေးရွာတွင်းနှင့် (၁၀)မိုင် ကျေးရွာတို့တွင် ၎င်းတို့အစီအစဉ် ဖြင့် ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စု ၅၄ စု၊ လူဦးရေ ၃၃၇ ဦးတို့အတွက် အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီက ငွေကျပ် ၃၉၉၆၀၀၀ တန်ဖိုးရှိ ဆန်အိတ် ၅၄ အိတ် ကိုလည်းကောင်း၊ ကချင်ပြည်နယ် အစိုးရအဖွဲ့က ငွေကျပ် ၁၉၁၇၀၀၀ တန်ဖိုးရှိ ဆီ ၅၄ ဘူး၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်ဖာများကို လည်း ကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနက ငွေကျပ် ၁၁၇၂၉၃၀၄ တန်ဖိုးရှိ အိမ်ထောင်စု များအတွက် ဆန်ရိက္ခာတစ်လစာ၊ ပြောင်းရွှေ့စရိတ် ၅၄၀၀၀၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး တို့ကိုလည်းကောင်း ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရ သည်။
ပြည်နယ်(ပြန်/ဆက်)