ပါဠိပထမပြန်စာမေးပွဲ ပဉ္စမနေ့ကျင်းပ

 

နေပြည်တော်    မေ   ၁၁


သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပသော ပါဠိ ပထမပြန်စာမေးပွဲကို ယနေ့တွင် နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၂၃၉ ဌာနတို့၌ (ပဉ္စမနေ့) အဖြစ်လည်းကောင်း ဖြေဆိုကြသည်။

 


ပါဠိပထမပြန်စာမေးပွဲ (ပထမကြီး၊ ပထမလတ်၊ ပထမငယ်) ပဉ္စမနေ့ကို စာရင်းသွင်းသံဃာနှင့် သီလရှင် စုစုပေါင်း ၂၈၃၇၈ ပါး အနက် ၂၂၀၆၀ ဖြေဆိုကြသဖြင့် ၇၇ ဒသမ ၇၄ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာ ရေးဦးစီးဌာနမှ သိရသည်။

 
သတင်းစဉ်