ပလက်ဝမြို့ရှိ ဟုမ်းကျေးရွာကို တပ်မတော်က ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ခုနစ်ဦး သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်   ဇန်နဝါရီ   ၃၁ 
ချင်းပြည်နယ်  ပလက်ဝမြို့နယ် ဟုမ်းကျေးရွာတွင်  ဇန်နဝါရီ ၂၉ ရက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်က    လေကြောင်းမှ ဗုံးကြဲ       တိုက်ခိုက်ခြင်းကြောင့် အရပ်သားပြည်သူ ခုနစ်ဦး သေဆုံး ခဲ့ပြီး    လူနေအိမ်အများအပြား ထိခိုက်        ပျက်စီးခဲ့ကြောင်း သတင်းတု၊    သတင်းမှားများကို လူမှုကွန်ရက်တွင်    မဟုတ်မမှန် ရေးသား       ဖြန့်ဝေနေသည်ကို ဝမ်းနည်းဖွယ်တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ မြေပြင်သတင်းပေးပို့ချက်များနှင့် ပလက်ဝမြို့နယ်မှ      လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏   ပြောကြား ချက်များအရ       ၎င်းရက်နေ့ တွင်          ပလက်ဝမြို့နယ်အတွင်း လေကြောင်းဗုံးကြဲမှု မရှိပါကြောင်း၊ တပ်မတော်သည်       နိုင်ငံတော် ကာကွယ်ရေး၊       လုံခြုံရေးနှင့် ပြည်သူများ၏    အသက်အိုးအိမ် စည်းစိမ်များကို        ကာကွယ် စောင့်ရှောက်လျက်ရှိပြီး ပြည်ဖျက် မီဒီယာများမှ    တပ်မတော်အား မဟုတ်မမှန်        သတင်းများဖြင့် ဂုဏ်သိက္ခာ     ကျဆင်းလာစေရန်၊ တပ်မတော်နှင့်    ဒေသခံပြည်သူ များအကြား  အထင်အမြင်လွဲမှား စေရန်    လုပ်ကြံရေးသားနေခြင်း သာ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်