
နေပြည်တော် အောက်တိုဘာ ၁၈
တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်းရှိ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဒေသခံပြည်သူများအား သက်ဆိုင် ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ နယ်မြေခံဆေးကုသရေးအဖွဲ့များ က လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ တွင် အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့ က ချင်းပြည်နယ် ပလက်ဝ မြို့နယ် အောက်သဲမဝကျေးရွာ နှင့် ပတ်ဝန်းကျင်ကျေးရွာတို့မှ ဒေသခံပြည်သူ ၁၄၂ ဦးတို့ကို လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံဆေးကုသ ရေးအဖွဲ့က မန္တလေးတိုင်းဒေသ ကြီး ပြင်ဦးလွင်မြို့နယ် ရပ်ကွက် ကြီး (၁) ရှိ ရတနာမာန်အောင် ကျောင်းတိုက်မှ သံဃာတော် ၁၁၂ ပါးနှင့် ရပ်ကွက်နေ ဒေသခံပြည်သူ ၃၄ ဦးတို့ကို လည်းကောင်း သတ်မှတ်နေရာများ၌ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေး ခြင်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးအဖွဲ့များက အရိုးအကြော ရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ အရေပြားရောဂါ၊ ကလေးရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက် ၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင် ရွက်ပေးပြီး ECG၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ် ခြင်း၊ ဆီးချို/သွေးချိုစစ်ဆေးပေး ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ နှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း များ ဆောင်ရွက်ပေးကာ ဆေးရုံ တက်ရောက်ကုသရန် လိုအပ် သူများကို နယ်မြေခံ တပ်မတော် ဆေးရုံများသို့ တက်ရောက်ကုသ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်