ပလက်ဝမြို့နယ်၌ သာယာလှပသည့် ကမ်းနားလမ်းဖော်ဆောင်မည့် အစီအစဉ်ချပြခြင်းနှင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး

 

ပလက်ဝ  ဇူလိုင်  ၁၂


ချင်းပြည်နယ်  ပလက်ဝမြို့နယ် သန့်ရှင်းသာယာရေး    လှပရေး အတွက်    ကမ်းနားလမ်း   ဖော် ဆောင်မည့်   အစီအစဉ်ချပြခြင်းနှင့် ပလတ်စတစ်   သုံးစွဲမှုလျှော့ချရေး အသိပညာပေး    ဟောပြောပွဲကို ယနေ့နံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကီမိုခန်းမ၌ ကျင်းပသည်။


ဦးစွာ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့    အမှုဆောင်အရာရှိ ဦးလှိုင်ဝင်းက ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ်    ချင်းပြည်နယ်   စည်ပင် သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်  လုပ်ငန်းဆောင်ရွက် မည့် ပလက်ဝမြို့သင်္ဘောဆိပ်နှင့်  သာယာဝကြား       ကျောက်စီ မြေထိန်းနံရံ  တည်ဆောက်ရန် (၅၄၀ x ၄.၂၅ x ၁၈) ပေအတွက်  ငွေကျပ်သန်း   ၂၈၀   ခွင့်ပြုထား ကြောင်း၊     လုပ်ငန်းပြီးစီးပါက    ဟင်းသီးဟင်းရွက်နှင့်   သား၊ ငါး ပျံကျစျေး ရောင်းချရန် ချထားပေး မည်ဖြစ်ကြောင်း    ပြောကြားပြီး ခရိုင်ဥပဒေအရာရှိ   ဦးစိုင်းဝေယံမြင့် က ပလတ်စတစ်သုံးစွဲမှု   ဥပဒေ ပြဋ္ဌာန်းခြင်းမရှိသော်လည်း  ကိုယ်စီ အသိတရားဖြင့်  ထိန်းသိမ်းကြရန် လိုကြောင်း ပြောကြားကြသည်။ 


ထို့နောက်     ခရိုင်ကျေးလက် ဦးစီးမှူး   ဦးသန်းစိုးဦး၊     ခရိုင် ရဲတပ်ဖွဲ့မှူး   ဒုတိယရဲမှူးကြီး ထွန်းဝေ၊    ခရိုင်အုပ်ချုပ်ရေးမှူး  ဦးသိန်းဇော်ဦးတို့က ပလတ်စတစ် သုံးစွဲမှုလျှော့ချရေးနှင့်      အမှိုက် များ  စနစ်တကျ     ထိန်းသိမ်းကြရန်  ဆွေးနွေးခဲ့ကြောင်း သိရသည်။  

   
 မြို့နယ်(ပြန်/ဆက်)