ပလက်ဝမြို့နယ်၌ MRTV  အစီအစဉ်များ ဒစ်ဂျစ်တယ်စနစ်ဖြင့် ဖမ်းယူကြည့်ရှုနိုင်ပြီ

 

နေပြည်တော် ဒီဇင်ဘာ ၂၈


ချင်းပြည်နယ်တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်နှင့် ဆက်စပ်တည်ရှိ သော ပလက်ဝမြို့နယ်တွင်  မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) ၏ ဒစ်ဂျစ်တယ်စနစ်ဖြင့် ထုတ်လွှင့်မှုများကို ဒေသခံပြည်သူများ အနေဖြင့် ဒီဇင်ဘာ ၂၃ ရက်မှစ၍ အခမဲ့ကြည့်ရှုနိုင်ပြီဖြစ်သည်။

 


 ပလက်ဝမြို့နယ်တွင်   MRTV  အစီအစဉ်များကို  ထပ်ဆင့် လွှင့်စက်ရုံမှတစ်ဆင့်  ၁၉၉၈ ခုနှစ်မှစ၍  Analogue  စနစ်ဖြင့် ရုပ်သံတစ်လိုင်းတည်းကိုသာ ထုတ်လွှင့်ကြည့်ရှုနိုင်ခဲ့ရာမှ  ၂၀၂၀ ပြည့်နှစ် မေလအတွင်း ထပ်ဆင့်လွှင့်စက်ရုံမှာ ထိခိုက်ပျက်စီးခဲ့ရာ ထုတ်လွှင့်မှုများ ရပ်ဆိုင်းခဲ့ရခြင်းဖြစ်သည်။

 


ယခုအခါ MRTV မှ  တာဝန်ရှိသူများသည်   ပလက်ဝမြို့သို့ သွားရောက်ပြီး 100W DVB-T2 လွှင့်စက်နှင့် ဆက်စပ်ပစ္စည်းများ ကို ဒီဇင်ဘာ ၂၀ ရက်မှ ၂၃ ရက်အတွင်း  တပ်ဆင်ပြီး  စမ်းသပ် ထုတ်လွှင့်ခဲ့ရာ ယခုအခါ MRTV ၏ ဒစ်ဂျစ်တယ်စနစ်ဖြင့် ထုတ်လွှင့် သော ရုပ်သံ ၁၈ လိုင်းကို အခမဲ့ဖမ်းယူကြည့်ရှုနိုင်ပြီဖြစ်သည်။

 


ထိုသို့ ထုတ်လွှင့်မှုများကို အခမဲ့ ဖမ်းယူကြည့်ရှုနိုင်ရန်အတွက် အထောက်အကူ ဖြစ်စေရန် DVB-T2 Set Top Box အလုံး ၂၅၀ ကိုလည်း ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူးထံမှတစ်ဆင့် ဖြန့်ဝေ ပေးနိုင်ရန် MRTV မှ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်