ပလက်ဝမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအတွက် ၃၅၀ ကေဗွီအေ မီးစက်သစ်နှစ်လုံးရောက်ရှိ

 

ပလက်ဝ နိုဝင်ဘာ ၇


ချင်းပြည်နယ် ပလက်ဝမြို့နယ် လျှပ်စစ်ဓာတ် အားဖြန့်ဖြူးရေးလုပ်ငန်းရုံး၌ အောက်တိုဘာ ၆ ရက်က ပလက်ဝမြို့ပေါ်နှင့်  မီးဇာကျေးရွာတို့ တွင် အသုံးပြုတပ်ဆင်ရန် (Cummins-350 KVA) စက်အမျိုးအစားနှစ်လုံး ရောက်ရှိနေပြီ ဖြစ်၍ စက်သစ်တစ်လုံးကို  ပလက်ဝမြို့ပေါ် အတွက် တပ်ဆင်အသုံးပြုသွားမည်ဖြစ်သည်။


အဆိုပါ မီးစက်သစ်နှစ်လုံးသည် ပြည်နယ် သယံဇာတရေးရာဝန်ကြီးဌာန     ပြည်နယ် ဝန်ကြီး ဦးကျော်ငြိမ်းနှင့် ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာ     ဦးမျိုးဝင်းတို့က    ပလက်ဝ မြို့နယ်၏ လျှပ်စစ်ဓာတ်အား   လိုအပ်ချက် ကို   ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့၏၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်  ငွေလုံးငွေရင်းခွင့်ပြု  ရန်ပုံငွေဖြင့်  ပလက်ဝ မြို့နယ်အတွက် (Cummins-350KVA) မီးစက် သစ်တစ်လုံး ငွေကျပ် ၈၅သန်းနှင့် မီးဇာကျေးရွာ အတွက် (Cummins-350KVA) မီးစက်သစ် တစ်လုံး ငွေကျပ် သန်း ၃၂၀  ကုန်ကျခံဝယ်ယူဖြည့်ဆည်းပေးခဲ့ခြင်းဖြစ်သည်။


ပလက်ဝမြို့နယ်တွင်   ယခင်က  မီးစက် ဟောင်း နှစ်လုံးဖြင့် ရပ်ကွက်အလိုက် တစ်ရက် ခြားအလှည့်ကျ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိ ရာ ထပ်မံရောက်ရှိသည့် လျှပ်စစ်အင်ဂျင်သစ် တစ်လုံး အပါအဝင် စုစုပေါင်းအင်ဂျင် သုံးလုံး ဖြင့်    ည   ၇  နာရီမှ  ၁၁  နာရီအထိ လျှပ်စစ် ဓာတ်အား   ဖြန့်ဖြူးပေးမည်ဖြစ်၍ တစ်မြို့နယ် လုံးနေ့စဉ်       လျှပ်စစ်မီး     ရရှိတော့မည်ဖြစ် သည်။

မြို့နယ်(ပြန်/ဆက်)