
ပလက်ဝ မေ ၄
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မြို့နယ်ကြက်ခြေနီ အသင်းခွဲ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ပိုင်းက မြို့မ အထက(၁) သဇင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ဦးကျော်မြင့်ဦးက မြို့နယ် ကြက်ခြေနီအသင်းခွဲရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို အသေးစိတ်ရှင်းလင်းပြောကြားကာ မြို့နယ် ကြက်ခြေနီအသင်းခွဲအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား)အလုပ် အမှုဆောင်အဖွဲ့ဝင် မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးရွန်ဒွန်းထန်က ဂုဏ်ပြု စကားပြောကြားသည်။
အခမ်းအနားသို့ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ သင်တန်းနည်းပြဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)