ပလက်ဝမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ရုံးတိုးမြှင့်ဖွင့်လှစ်

 

ပလက်ဝ   ဩဂုတ်   ၂


ချင်းပြည်နယ်   ပလက်ဝမြို့တွင် ကျေးလက်ဒေသ    ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံးအား   ခရိုင်အဆင့် ရုံး တိုးမြှင့်ခြင်းကို ဩဂုတ်  ၁ ရက် နံနက် ၇ နာရီခွဲက ကျင်းပခဲ့သည်။

 


အဆိုပါဖွင့်ပွဲတွင်  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး၊  ဒုတိယညွှန်ကြား ရေးမှူး  ဦးသိန်းဇော်ဦး၊    ခရိုင် ရဲတပ်ဖွဲ့မှူး    ဒုတိယရဲမှူးကြီး ထွန်းဝေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်  ဗိုလ်မှူး အောင်သူမြင့်နှင့် မြို့နယ်ကျေးလက်ဒေသ    ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန   မြို့နယ် ဦးစီးမှူး        ဦးဝင်းလှိုင်တို့က  ကျေးလက်ဒေသ  ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန  ခရိုင်ရုံးတိုးမြှင့်ခြင်း ဖွင့်ပွဲအခမ်းအနားကို     ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 


အခမ်းအနားသို့ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး   ဦးသိန်းဇော်ဦး၊ ခရိုင် ရဲတပ်ဖွဲ့မှူး   ဒုတိယရဲမှူးကြီး  ထွန်းဝေ၊        လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန   ခရိုင် ဦးစီးမှူး ဦးမျိုးမြင့်ဦး၊    မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်    ဗိုလ်မှူး အောင်သူမြင့်၊    မြို့နယ်ကျေးလက် ဒေသ   ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်  ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်နှင့်   ရုံးဝန်ထမ်းများ၊ မြို့နယ်အဆင့်    ဌာနဆိုင်ရာများ၊  မြို့မိ/မြို့ဖများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ      တက်ရောက်ခဲ့ ကြောင်း သိရသည်။


အောင်ကျော်(ပြန်/ဆက်)