ပါလက်စတိုင်း စစ်သွေးကြွများက ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးက ဂါဇာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

 

ဂါဇာ   နိုဝင်ဘာ  ၄


ဂါဇာကမ်းမြောင်  အလယ်ပိုင်းရှိ ဟားမားစ်စစ်စခန်း     နှစ်ခုသည် နိုဝင်ဘာ ၄ ရက်က အစ္စရေး၏ လေကြောင်း    တိုက်ခိုက်မှုခံခဲ့ရ ကြောင်း  ပါလက်စတိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက  ပြောသည်။

 


အစ္စရေး တိုက်လေယာဉ်များ သည်  အယ်လ်ကာဆန် တပ်မဟာ များ၊   ဟားမားစ်အဖွဲ့၏    စစ် တောင်ပံနေရာများကို   ပစ်မှတ် ထားကာ ဒုံးကျည်အများအပြား ပစ်လွှတ်တိုက်ခိုက်ခဲ့သောကြောင့်           ယင်းတို့၏အနီးနားရှိ     နေရာများ နှင့်      အဆောက်အအုံများကို ပျက်စီးစေခဲ့ကြောင်း  လုံခြုံရေး  သတင်းရင်းမြစ်များက ဆို သည်။

 


လူနာတင်ယာဉ်များနှင့် အရပ် ဘက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သည် ပစ်မှတ်ထား တိုက်ခိုက်ခံရ သည့် နေရာများသို့ အလျင်အမြန် ကယ်ဆယ်ရေး  ဆောင်ရွက်ရန် လာရောက်စဉ်           ပြင်းထန်သော ပေါက်ကွဲ သံများ ကြားခဲ့ရကြောင်း၊ တိုက်ခိုက်မှုများအတွင်း  ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း မျက်မြင် သက်သေများက ပြောသည်။  

 


အစ္စရေးနိုင်ငံ တောင်ပိုင်းသို့ ဝင်ရောက်လာသည့်           ဂါဇာ ကမ်းမြောင်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည်   တစ်စင်းကို   အစ္စရေး လေကြောင်းရန်  ကာကွယ်ရေး စနစ်က  ကြားဖြတ်ဟန့်တားနိုင်ခဲ့ ကြောင်း   နိုဝင်ဘာ ၃  ရက်တွင် အစ္စရေးစစ်တပ်က  ပြောကြားခဲ့ သည်။   ယင်းဖြစ်ရပ်အပြီး  ယခု ကဲ့သို့ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်သည့်  ကြေညာချက် ထွက်ပေါ်လာခြင်း        ဖြစ်သည်။ အစ္စရေးနိုင်ငံအတွင်းသို့      ဂါဇာ စစ်သွေးကြွများက ပစ်လွှတ်သော အခြားဒုံးကျည် သုံးစင်း ကျရောက် ပေါက်ကွဲခဲ့သော်လည်း   ထိခိုက် ပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်။

 


အစ္စရေးနှင့် ဂါဇာအခြေစိုက် ပါလက်စတိုင်း           အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့တို့အကြား သြဂုတ်လ အတွင်းက ငြိမ်းချမ်းရေး သဘော တူညီချက်တစ်ခု  ရရှိခဲ့ပြီးနောက် သုံးလတာ        ကာလအတွင်း    အစ္စရေးဘက်မှ          ပထမဆုံး အကြိမ်လေကြောင်းတိုက်ခိုက်မှု ပြန်လည်            စတင်လိုက်ခြင်းဖြစ် သည်။                            

ဆင်ဟွာ