ပျက်ကျမီးသတ်လေယာဉ်မှ လေယာဉ်မှူးနှစ်ဦး အသက်ရှင်လွတ်မြောက်

 

ဆစ်ဒနီ ဖေဖော်ဝါရီ ၇ 


မီးသတ်လေယာဉ်  တစ်စင်းဖြစ် သည့် ဘိုးရင်း ၇၃၇ လေယာဉ်သည် သြစတြေးလျနိုင်ငံ  တောင်ဘက် ကမ်းရိုးတန်းပြည်နယ် မြို့တစ်မြို့ ဖြစ်သည့် ဟုပ်တောင်းအနီး ဖစ်ဂီရဲလ်အမျိုးသားပန်းခြံအနီးတွင် ပျက်ကျခဲ့ပြီးနောက် လေယာဉ်မှူး နှစ်ဦး(အောက်ပုံ)လုံး  ဒဏ်ရာ အနည်းငယ်ဖြင့်      အသက်ရှင် လွတ်မြောက်ခဲ့ကြောင်း          မြောက် ပိုင်း သြစတြေးလျ  ရဲတပ်ဖွဲ့သည်  ဖေဖော်ဝါရီ ၇ ရက်က အတည်ပြုခဲ့ သည်။ လေယာဉ်ပျက်ကျမှုဖြစ်ပွား ရာ  ပန်းခြံအနီးတွင်  ရဲလုပ်ငန်း ဆိုင်ရာများနှင့်      အရေးပေါ် ကယ်ဆယ်ရေး  လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဖော်ပြခဲ့သည်။ 

 


မီးငြှိမ်းသတ်ရန် ဘိုးရင်း ၇၃၇ မီးသတ်လေယာဉ်သည် ဘန်ဘာရီ မှ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၂၅ မိနစ်က ထွက်ခွာခဲ့သည်။ 

 


လေယာဉ်ပေါ်   လိုက်ပါလာ သော   လေယာဉ်မှူးနှစ်ဦးသည် လေယာဉ်ပျက်ကျမှုမှ ဖြစ်ပွားရာမှ လွတ်မြောက်ခဲ့သည်။ သက်ဆိုင် ရာ အာဏာပိုင်များသည် လေယာဉ် ပျက်ကျမှုဖြစ်ပွားရာ  နေရာသို့ ရောက်ရှိခဲ့ပြီး   စုံစမ်းစစ်ဆေးမှု များ         လုပ်ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။  

ဆင်ဟွာ