ပခုက္ကူမြို့နယ်၌ ကိုဗစ် - ၁၉ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံပြီးသူ ၁၄၀၀၀၀ ကျော်နှင့် အပြည့်အဝထိုးနှံပြီးသူ ၈၆၀၀၀ ကျော်ရှိ

 

ပခုက္ကူ ဧပြီ ၂၁


တိုင်းဒေသကြီးနှင့်     ပြည်နယ် အသီးသီးရှိ    ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ   အပါအဝင်   အသက်    ၆၅    နှစ်နှင့်အထက်   သက်ကြီးဘိုးဘွားများ၊   ဌာန ဆိုင်ရာဝန်ထမ်းများ၊    ပြည်သူ များနှင့်   အကျဉ်းသား၊ အကျဉ်းသူ များအား   ကိုဗစ် - ၁၉   ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးလျက်ရှိ သည်။

 


ပခုက္ကူမြို့နယ်၌  အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင် သူ ၂၃၈၉၈၁ ဦးရှိပြီး ၂၀၂၁ ခုနှစ် မတ် ၁၁ ရက်မှ  စတင်ပြီး  ဦးစားပေးအဆင့်    အလိုက်ထိုးနှံ ပေးလျက်ရှိရာ ၂၀၂၂  ခုနှစ် ဧပြီ ၂၁  ရက်အထိ  ကိုဗစ် - ၁၉  ရောဂါ ကာကွယ်ဆေး    ပထမအကြိမ် ထိုးနှံပြီးသူ ၁၄၆၃၀၆ ဦး၊ နှစ်ကြိမ် ထိုးနှံပြီးသူ  ၈၆၃၃၄   ဦး  ရှိပြီ ဖြစ်ကြောင်း   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ  သိရ သည်။         

 


မြို့နယ်အတွင်းရှိ   အသက် ၁၈  နှစ်နှင့်အထက်  ပြည်သူများ အာလုံး   ကိုဗစ် - ၁၉   ရောဂါ ကာကွယ်ဆေး     ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေးအတွက် မြို့ပေါ် ရပ်ကွက်များရှိ    ပြည်သူများ အတွက်    ဆေးထိုးအဖွဲ့ ခုနစ်ဖွဲ့ နှင့် ကျေးရွာအုပ်စုများရှိ   ပြည်သူ များအတွက် ဆေးထိုးအဖွဲ့ ၁၄ ဖွဲ့တို့ဖြင့် မတ် ၉ ရက်မှစတင်ကာ တစ်ရက်လျှင်   ပျမ်းမျှလူဦးရေ ၄၈၀၀ ခန့်အထိ   ကွင်းဆင်းထိုးနှံ ပေးလျက်ရှိကြောင်း    မြို့နယ်  ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်   တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ   ဦးမိုးကျော်သူက  ပြော သည်။ 


ခရိုင် (ပြန်/ဆက်)