ပခုက္ကူမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် အိမ်ခြေ ၂၅ လုံး ယာယီရွှေ့ပြောင်း

 

ပခုက္ကူ  စက်တင်ဘာ ၂၃


မကွေးတိုင်းဒေသကြီး    ပခုက္ကူ မြို့နယ်     ကျွန်းညိုကြီးကျေးရွာ အုပ်စုအတွင်း      ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် အိမ်ခြေ  ၂၅ လုံးမှာ   ယမန်နေ့က   ယာယီ ရွှေ့ပြောင်းထားကြောင်း   မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ သိရသည်။


ပခုက္ကူမြို့နယ် ကျွန်းညိုကြီးကျေးရွာအုပ်စုအတွင်း ဧရာဝတီ မြစ်ရေတိုက်စားကာ  မြစ်ကမ်းပါး ပြိုကျမှုကြောင့် ကျွန်းညိုရွာသစ် ကျေးရွာရှိ လူနေအိမ်ခြေ ၂၂ လုံး နှင့် လူဦးရေ ၉၀ ၊ ကျပ်တန်းကုန်း ကျေးရွာရှိ လူနေအိမ်ခြေ သုံးလုံး နှင့် လူဦးရေ ၁၃  ဦး စုစုပေါင်း လူနေအိမ်ခြေ ၂၅ လုံးနှင့် လူဦးရေ ၁၀၃ ဦးမှာ ရေလွတ်ရာနေရာများ သို့ ခေတ္တယာယီရွှေ့ပြောင်းထား ပြီး  မိမိတို့၏နီးစပ်ရာ  ဆွေမျိုး နေအိမ်တွင်သာ မှီခိုနေထိုင်ကြရ ကြောင်း သိရသည်။  


မြစ်ကမ်းပါး         ပြိုကျရာသို့ ပခုက္ကူမြို့နယ်    လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ  ဦးမိုးကျော်သူ နှင့်အဖွဲ့ဝင်များက သွားရောက်ကာ ကွင်းဆင်းကြည့်ရှု  စစ်ဆေးကြပြီး    ယာယီရွှေ့ပြောင်း အိမ်ခြေအရေ အတွက်၊    အိမ်အမျိုးအစား၊ လူဦးရေစာရင်းများနှင့်   စိုက်ပျိုး မြေဧကဆုံးရှုံးမှု   စာရင်းများကို စနစ်တကျစာရင်း ပြုစုရယူကြ သည်။  


အဆိုပါ   မြစ်ရေတိုက်စားမှု ကြောင့်        ယာယီရွှေ့ပြောင်းရ သည့်   လူနေအိမ်များနှင့် မိသားစု ဝင်များအတွက်        အမြန်ဆုံး ကူညီထောက်ပံ့နိုင်ရေး      ဆောင် ရွက်မည်ဖြစ်ကြောင်း   သိရသည်။


ဆလိုင်းကိုကီး (ပြန်/ဆက်)