
နေပြည်တော် ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့နယ် ပဒိုင်းခြုံကျေးရွာအနီးရှိ Myanmar Effort Company Limited အထည်ချုပ်စက်ရုံမှ မန်နေဂျာဖြစ်သူ ဦးမျိုးဇင်ဝင်းနှင့် တရုတ်နိုင်ငံသူ အထည်ချုပ် ပညာရှင် Ms.GU ZHEN ZHEN တို့ နှစ်ဦးကို NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်း ဖက်သမားများက ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် လက်နက်ဖြင့် လာရောက်ခြိမ်းခြောက်၍ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိ ရသည်။
အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်
ဖြစ်စဉ်မှာ ပခုက္ကူမြို့နယ် ပဒိုင်းခြုံကျေးရွာအနီးရှိ Myanmar Effort Company Limited အထည် ချုပ်စက်ရုံသို့ ဇန်နဝါရီ ၂၆ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ သည် မော်တော်ယာဉ်တစ်စီးဖြင့် လက်နက်ငယ်များကိုယ်စီ ကိုင် ဆောင်ရောက်ရှိလာပြီး အဆိုပါ စက်ရုံဝင်းအတွင်း စက်ရုံလုံခြုံရေး ဆောင်ရွက်နေသည့် ဝန်ထမ်းများ ကို သေနတ်ဖြင့် ခြိမ်းခြောက် ရိုက်နှက်ခဲ့ကြပြီး စက်ရုံအတွင်း ဝင်ရောက်ကာ မန်နေဂျာ ဦးမျိုး ဇင်ဝင်းနှင့် တရုတ်နိုင်ငံသူ အထည်ချုပ် ပညာရှင် Ms.GU ZHEN ZHEN တို့ နှစ်ဦးတို့ကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင် ကာ Laptop တစ်လုံးနှင့် လုံခြုံရေး ဝန်ထမ်းများ၏ လက်ကိုင်ဖုန်း သုံးလုံးတို့ကိုပါ ယူဆောင်၍ ၎င်းတို့ မောင်းနှင်လာသည့် မော်တော် ယာဉ်ဖြင့် မြောက်ဘက်သို့ မောင်း နှင် ထွက်ပြေးသွားခဲ့ကြောင်း၊ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက်အဖွဲ့များ၏ ပြောဆို စေခိုင်းချက်အရ မန်နေဂျာ ဦးမျိုး ဇင်ဝင်းသည် စက်ရုံအတွင်းရှိ ဖုန်းတစ်လုံးကို ဆက်သွယ်၍ ငွေကျပ်သိန်း ၁၀၀၀၀ ကို အသင့် ပြင်ဆင်ထားပြီး ပြန်လည်ဆက် သွယ်ပေးရန် ဖုန်းဖြင့်ဆက်သွယ် လာခဲ့ကြောင်း သိရှိရသည်။
အဝတ်အထည်များ ထုတ်လုပ်
အဆိုပါ အထည်ချုပ်စက်ရုံ တွင် စက်ရုံတာဝန်ခံ တရုတ် နိုင်ငံသား Mr. RAO MING CHUN အပါအဝင် တရုတ်နိုင်ငံသား အမျိုးသား ငါးဦး၊ အမျိုးသမီး တစ်ဦးနှင့် ဝန်ထမ်းအမျိုးသား ၃၁၅ ဦး၊ အမျိုးသမီး ၇၈၅ ဦး စုစုပေါင်း ၁၁၀၀ ရှိပြီး အဆိုပါ စက်ရုံသည် ၂၀၁၇ ခုနှစ်က စတင် တည်ဆောက်ခဲ့ပြီး ၂၀၁၈ ခုနှစ် တွင် စတင်လည်ပတ်ကာ အဝတ် အထည်များထုတ်လုပ်၍ တရုတ် နိုင်ငံသို့ Export ပြန်လည် တင်သွင်းနေသည့် စက်ရုံတစ်ခု ဖြစ်ကြောင်း သိရှိရသည်။
NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမား များ၏ ယခုကဲ့သို့ လုပ်ဆောင်ခဲ့ ခြင်းသည် ဒေသခံပြည်သူများ၏ အလုပ်အကိုင်၊ အခွင့်အလမ်းများ အပေါ် အနှောင့်အယှက်အဟန့် အတားဖြစ်ပေါ်ခဲ့သဖြင့် ဒေသခံ ပြည်သူများအနေဖြင့် ၎င်းတို့၏ လုပ်ရပ်များအပေါ် ကျေနပ်မှု မရှိဘဲ ပြစ်တင်ရှုတ်ချလျက်ရှိ ကြောင်း သိရှိရသည်။
ဥပဒေမဲ့လုပ်ဆောင်
NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမား များအနေဖြင့် စစ်ရေးနှင့် မသက် ဆိုင်သည့် ဆေးရုံများ၊ စာသင် ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများအား အကြမ်း ဖက် ဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင်လျက် ရှိသည့်အပြင် ကျေးရွာများအား မီးရှို့ဖျက်ဆီးပြီး ပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ သတ် ဖြတ်ခြင်းနှင့် အတင်းအဓမ္မ ခြိမ်း ခြောက်၍ ငွေကြေးတောင်းခံ ခြင်းစသည့် ဥပဒေမဲ့လုပ်ရပ်များကို ဆက်တိုက် လုပ်ဆောင်လျက်ရှိ သည်ကို တွေ့ရှိရသည်။
အထက်ပါဖြစ်စဉ်မှ ဖမ်းဆီး ခေါ်ဆောင် သွားသူများကို အမြန်ဆုံး ပြန်လည်ကယ်တင် နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်းနှင့် အများ ပြည်သူများအနေဖြင့် အကြမ်း ဖက်အဖွဲ့၏ လှုပ်ရှားမှုသတင်းများ ရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များ ထံသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြား၍ ရပ်ရွာအေးချမ်း သာယာရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြပါရန် အသိပေး သတင်း ထုတ်ပြန်ထားကြောင်း သိရသည်။
သတင်းစဉ်