
နေပြည်တော် စက်တင်ဘာ ၁၅
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများ အနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ် ထိတ်လန့်မှု ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာန ဆိုင်ရာ အဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲမှု များပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ် ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများကို ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွတ်အမြတ် ထားရာ သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော် ကြီးကျောင်းများကိုပါ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်း သံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ် ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ စက်တင်ဘာ ၁၄ ရက် နံနက် ၁၁ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ကန်တော်ကျေးရွာရှိ ပစ္ဆိမာရုံဘုန်းကြီး ကျောင်းဝင်းအတွင်းသို့ PDF အမည်ခံအကြမ်းဖက် သမား ၂၀ ခန့်က အနက်ရောင်မှန်လုံမော်တော်ယာဉ် တစ်စီး၊ ဆိုင်ကယ် သုံးစီးတို့ဖြင့် ဝင်ရောက်လာပြီး ဆွမ်းစားဆောင်ပေါ်၌ နေ့ဆွမ်းပြင်ဆင်နေသည့်
ကိုရင်ကြီး တစ်ပါးနှင့် ကိုရင် နှစ်ပါး တို့အား ဆွမ်းဝိုင်းဘေး၌ ထိုင်ခိုင်းကာ အကြမ်းဖက်သမားအချို့က ရေချိုး နေသည့် ကျောင်းထိုင်ဆရာတော် ဦးတေဇောဘာသ (၄၈) နှစ် ၂၈ ဝါ (ခမည်းတော်) ဦးဘညိမ်းကို ဆွမ်းစား ဆောင်ပေါ်သို့ ဖမ်းဆီးခေါ်ဆောင် လာပြီး ဆရာတော်အား ခြိမ်းခြောက် အကျပ်ကိုင်၍ လူဝတ်လဲခိုင်းခဲ့ရာ ဆရာတော်မှ လူဝတ်မလဲလိုကြောင်း ပြန်လည်ပြောဆိုစဉ် အကြမ်းဖက် သမားများက ဆရာတော်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ကျောင်းဝင်းအတွင်း ရပ်တန့်ထားရှိ သည့် ဘုန်းကြီးကျောင်းပိုင် ၅ဃ/၁၁၂၅ နံပါတ်တပ်ဆင်ထားသည့် Hilux ခဲရောင်မော်တော်ယာဉ် တစ်စီးအား လုယက်ယူဆောင်၍ ကန်တော်လေး-ဘုန်းကံကျေးရွာလမ်းအတိုင်း မြိုင် မြို့နယ်ဘက်သို့ ပြန်လည်ထွက်ခွာ သွားခဲ့သည်။
ထိုသို့ အကြမ်းဖက်သမားများ၏ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဆရာ တော် ဦးတေဇောဘာသ တွင် ဦးခေါင်း နောက်စေ့ပွင့်ထွက်ဒဏ်ရာ တစ်ချက်၊ ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာတစ်ချက်နှင့် ရင်ဘတ်ပေါက်ပြဲဒဏ်ရာ နှစ်ချက် တို့ဖြင့် ဆွမ်းစားဆောင်ပေါ်၌ ပျံလွန် တော်မူခဲ့သည်။
အကြမ်းဖက်သမားများ၏ ဆင်ခြင် တုံတရားမဲ့စွာ အကြောင်းမဲ့ အကြမ်း ဖက်သတ်ဖြတ်မှုများကြောင့် နိုင်ငံ တော်အတွင်း သံဃာတော် ၅၄ ပါးနှင့် သီလရှင်ဆရာကြီး တစ်ပါးတို့ ဘဝ နတ်ထံ ပျံလွန်တော်မူခဲ့ပြီးဖြစ်သည်။ အထက်ပါဖြစ်စဉ်မှ သံဃာတော်အား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများကို ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်