ပခုက္ကူမြို့၌ အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများရောက်ရှိ

 

ပခုက္ကူ   စက်တင်ဘာ  ၁၆


မကွေးတိုင်းဒေသကြီး      ပခုက္ကူ မြို့နယ်အတွင်းရှိ    ဒေသခံပြည်သူ များ၏ အောက်ဆီဂျင်အရေးပေါ်လိုအပ်မှုများကို      ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်   အတွက်  ပခုက္ကူမြို့   အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊  သံဃာဆေးရုံ ရှေ့   အောက်ဆီဂျင်စက်ရုံထားရှိ ရေးတည်ဆောက်သည့်  မြေနေရာ တွင်    အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများ ယနေ့နံနက် ပိုင်းက ရောက်ရှိသည်။


အဆိုပါ အောက်ဆီဂျင်စက်မှာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ မှ လှူဒါန်းထောက်ပံ့ခြင်းဖြစ်ပြီး တစ်နာရီလျှင်လီတာ ၄၀ ဆံ့ အိုး ၁၀လုံး   ထွက်ရှိမည်ဟု   ခန့်မှန်း ထားကြောင်း၊    စက်ရုံအတွက် လျှပ်စစ်ပိုင်းအနေဖြင့်  ၂၀၀ ကေဗွီ အေထရန်စဖော်မာ    အသုံးပြုမည် ဖြစ်ကြောင်း၊     စက်ပစ္စည်းများ နေရာချထားရေး    အတွက် အောက်ဆီဂျင်စက်ရုံ       တည် ဆောက်ရေး     ကော်မတီက     ဆောင်ရွက်လျက်      ရှိကြောင်း      ဆေးရုံအုပ်ကြီး      ဒေါက်တာ ကျော်နိုင်ဝင်းက   ပြောသည်။


အောက်ဆီဂျင်စက်နှင့် ဆက် စပ်ပစ္စည်းများ ရောက်ရှိလာမှုကို ခရိုင် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်  တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့်  အဖွဲ့ဝင်များ    သွားရောက် ကြည့်ရှုကာ  မကြာမီ ရက်ပိုင်းအတွင်း စတင်ထုတ်လုပ်    လည်ပတ်နိုင်ရေးအတွက်   လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပြီး စက်ရုံတပ်ဆင် ပြီးစီးပါက ပခုက္ကူမြို့ အထွေထွေ ရောဂါကု    ပြည်သူ့ဆေးရုံကြီး၌        တက်ရောက်ဆေးကုသမှုခံယူကြ သည့်   လူနာများနှင့်     မြို့နယ် အတွင်းရှိ    ပြည်သူများ၏     အောက်ဆီဂျင်လိုအပ် ချက်များကို အချိန်မီ ဖြည့်ဆည်းပေးနိုင်တော့မည် ဖြစ်ကြောင်း   သိရသည်။


ဆလိုင်းကိုကီး(ပြန်/ဆက်)