ပခုက္ကူမြို့အတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိ

 

နေပြည်တော်  ဇန်နဝါရီ    ၅


မကွေးတိုင်းဒေသကြီး      ပခုက္ကူမြို့အတွင်း သို့   PDF အမည်ခံအကြမ်းဖက်သမားများက  ဇန်နဝါရီ  ၂ ရက် မွန်းလွဲပိုင်းတွင် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဇန်နဝါရီ  ၂ ရက် မွန်းလွဲ ၁ နာရီခွဲ တွင် ပခုက္ကူမြို့နယ် ပခုက္ကူကျွန်းကျေးရွာဘက် မှ  PDF   အမည်ခံအကြမ်းဖက်သမားများက  Drone အသုံးပြုပြီး Drop Bomb များ ပစ်ချ တိုက်ခိုက်ခဲ့သဖြင့်  အမှတ်(၈)ရပ်ကွက်   မြို့မ လမ်းပေါ်ရှိ    မေဖူးမုံအထည်ဆိုင်အနီးသို့ ကျရောက်ပေါက်ကွဲပြီး အပြစ်မဲ့ပြည်သူ အမျိုး သား သုံးဦး  ဗုံးစထိမှန်   ဒဏ်ရာများရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို ပခုက္ကူမြို့နယ် ပြည်သူ့ဆေးရုံသို့  ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။


PDF  အမည်ခံ    အကြမ်းဖက် သမားများသည်      ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော  မြို့/ရွာများအတွင်းသို့  လက်နက်ကြီး များဖြင့်  ပစ်ခတ်ခြင်း၊ Drop Bomb များဖြင့် ပစ်ချခြင်း  စသည့် အကြမ်း ဖက်လုပ်ရပ်များ ဆောင်ရွက်လျက် ရှိသည့်အတွက်    လုံခြုံရေးတပ်ဖွဲ့ ဝင်များက       နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက်     လိုအပ် သည့်          လုံခြုံရေးလုပ်ငန်း များ      ဆက်လက်      ဆောင်ရွက် လျက်ရှိကြောင်း         သတင်းရရှိ သည်။

သတင်းစဉ်