
မကွေးတိုင်းဒေသကြီး ပခုက္ကူ ကုန်စည်ဒိုင်တွင် ပခုက္ကူဒေသမှ စိုက်ပျိုးထွက်ရှိသော ပဲစင်းငုံနီ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲယဉ်း၊ စွန်တာနီ၊ ပဲလွန်းပြာနှင့် အခြားပဲမျိုးစုံများ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း၊ ယခုနှစ် ဇူလိုင်လ (ပထမပတ်) တွင် ပဲဈေး နှုန်းများမှာ ပဲစင်းငုံနီတစ်တင်းလျှင် ငွေကျပ် ၉၈၀၀၀-၉၈၈၀၀-၁၀၀၁၀၀၊ ကုလားပဲ (ဝါလုံးကြီး) (929) တစ်တင်းလျှင် ငွေကျပ် ၈၂၅၀၀၊ ကုလားပဲ (ဖြူလုံး) (V2/V6) တစ်တင်းလျှင် ငွေကျပ် ၈၃၆၀၀-၈၄၃၀၀၊ ပဲတီစိမ်းကြီးမှာ အရည်အသွေးအပေါ် မူတည်ပြီး တစ်တင်းလျှင် ငွေကျပ် ၄၇၀၀၀-၅၄၀၀၀၊ ပဲဇီးကွက် တစ်တင်းလျှင် ငွေကျပ် (၄၆၅၀၀-၄၆၈၀၀)၊ ပြောင်းဖူးစေ့ (CP) တစ်တင်းလျှင် ငွေကျပ် ၁၉၂၀၀၊ ပဲယဉ်းနီ တစ်တင်းလျှင် ငွေကျပ် ၇၄၃၀၀၊ မတ်ပဲတစ်တင်းလျှင် ငွေကျပ် ၅၀၀၀၀-၅၉၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ငွေကျပ် ၁၁၅၀၀၀၊ မန်ကျည်း တောင့် တစ်ပိဿာလျှင်ငွေကျပ် ၈၀၀ ဖြင့် ကုန်စည် ဒိုင်တွင် ဥပုသ်နေ့မှလွဲ၍ နေ့စဉ် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
ယခုတစ်ပတ် အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ပဲစင်းငုံနီ အိတ် ၁၅၀၀၊ ကုလားပဲ (ဝါလုံးကြီး) (929) အိတ် ၃၀၀၊ ကုလားပဲဖြူလုံး (V2/V6) အိတ် ၁၅၀၀၊ ပဲတီစိမ်းကြီး အိတ် ၂၅၀၀၊ ပဲဇီးကွက် အိတ် ၂၅၀၊ ပဲယဉ်းနီ အိတ် ၁၀၀၊ ပြောင်းဖူးစေ့ (CP) အိတ် ၂၀၀၊ မန်ကျည်းတောင့် ကုန်ချိန်ပိဿာချိန် ၁၅၀၀၀ ကျော် အရောင်းအဝယ်ဖြစ်နေပြီး မြန်မာပြည်အောက်ပိုင်း နှင့် ပြည်ပနိုင်ငံများသို့ တင်ပို့နေကြောင်း ကုန်သည် များထံမှ သိရသည်။
DOCA (မကွေး)