
နေပြည်တော် ဇူလိုင် ၃၀
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ပခုက္ကူစာပေဆု ဝတ္ထုရှည် ပထမဆုရရှိသည့် စာရေးဆရာ တင်တော်၏ “အလင်းမီးတိုင် နေလ ပြိုင်၍ ထွန်းလင်းပြလိုက်ချင်” စာအုပ် နှင့် စာပေဗိမာန်စာမူဆု ဝတ္ထုရှည်ဒုတိယဆုရရှိသည့် စာရေးဆရာ ကံမြင့်မော်၏ “မေတ္တာရှိရင်းစွဲမို့ လွဲနိုင်ပါ ဘူးရှင်” စာအုပ်များကို ဖြန့်ချိရောင်းချလျက်ရှိသည်။
အလင်းမီးတိုင် နေလ ပြိုင်၍ ထွန်းလင်းပြလိုက်ချင်
အလင်းမီးတိုင် နေလပြိုင်၍ ထွန်းလင်းပြလိုက် ချင် စာအုပ်တွင် ရည်မှန်းချက်ကိုယ်စီဖြင့် ပညာ ကြိုးစားခဲ့ရာမှ ဘဝခရီးတစ်ဆစ်ချိုးတွင် အမှတ်မထင် ကြုံတွေ့ခဲ့ရသော ကံကြမ္မာ၏ လှည့်စားမှုကြောင့် လမ်းခွဲခဲ့ရသော ချစ်သူနှစ်ဦး၏ ရင်နင့်ကြေကွဲဖွယ် ဖြစ်ရပ်ကို မိဘ၊ ဆရာ၊ ကျောင်းသား အပြန်အလှန် လေးစားလိုက်နာ စောင့်ထိန်းအပ်သော ပညာရေး လောက နောက်ခံထားကာ ရေးဖွဲ့ထားပြီး လူ့တန်ဖိုး ဆိုသည်မှာ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ရာထူးဂုဏ်ရှိန် ရှိခြင်းတို့မဟုတ်ဘဲ ရိုးသားခြင်း၊ သစ္စာရှိခြင်း၊ ကတိတည်ခြင်း၊ စိတ်နှလုံး ပြည့်ဝခြင်းတို့ကသာ လူ၏ တန်ဖိုးဖြစ်ကြောင်းကို သမိုင်းအကိုးအကား၊ ဒေသန္တရ အထောက်အထားများနှင့်တကွ ရေးဖွဲ့တင်ပြထား သည့်အတွက် စာဖတ်သူများအား သုတရော ရသပါ ပေးစွမ်းနိုင်မည့် ဝတ္ထုရှည် စာအုပ်ကောင်းတစ်အုပ် ဖြစ်ကာ ရောင်းဈေးကျပ် ၁၅၀၀ ဖြစ်သည်။
မေတ္တာရှိရင်းစွဲမို့ လွဲနိုင်ပါဘူးရှင်
မေတ္တာရှိရင်းစွဲမို့ လွဲနိုင်ပါဘူးရှင် စာအုပ်သည် အရွယ်မရောက်ခင် ပန်းကောင်းအညွန့်ချိုးခံလိုက်ရသော အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ စိတ်ဓာတ်ယုတ်နိမ့်သူတစ်ဦး၏ ကျူးလွန်မှုကြောင့် ရရှိလာသည့် ရင်သွေးငယ်ကို မပစ်ရက်ဘဲ ကိုယ်တိုင် ပြုစုပျိုးထောင်ရင်း နှစ်ပေါင်းများစွာ ဒုက္ခအမျိုးမျိုးနှင့် စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ပုံ၊ မေတ္တာ၊ စေတနာ အရင်းခံစိတ်ဖြင့် မြတ်နိုးခဲ့သည့် ငယ်ချစ်နှင့် ပြန်လည်ဆုံစည်းခဲ့ရပုံတို့ကို အဖွဲ့အနွဲ့ ကောင်းကောင်း ဖြင့် ရေးဖွဲ့ထားသည့် ဝတ္ထုရှည်စာအုပ်ကောင်း တစ်အုပ်ဖြစ်ပြီး ရောင်းဈေး ကျပ် ၂၀၀၀ ဖြစ်သည်။
အဆိုပါစာအုပ်များကို အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ် ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင် ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်း ဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်းစဉ်