ပခုက္ကူ ဦးအုံးဖေ တည်ထောင်သော (၂၉)ကြိမ်မြောက် ပခုက္ကူစာပေဆု ပြိုင်ပွဲဝင်စာမူများဖိတ်ခေါ်

 

ပခုက္ကူဦးအုံးဖေ တည်ထောင်သော(၂၉)ကြိမ်မြောက် ပခုက္ကူစာပေဆုများ ယှဉ်ပြိုင်ရန် စာမူများ ဖိတ်ခေါ် ကြောင်း    ပခုက္ကူဦးအုံးဖေစာပေဆု    ရန်ပုံငွေ ကြီးကြပ်ရေးကော်မတီက ကြေညာထားသည်။

 


ပခုက္ကူဦးအုံးဖေ စာပေဆုအတွက် ဝတ္ထုရှည်၊ ဝတ္ထုတိုပေါင်းချုပ်၊ ကဗျာပေါင်းချုပ်၊ ကျမ်းစာပေနှင့် သုတေသနစာပေဟူ၍ ဘာသာရပ် ငါးမျိုးတွင် ပါဝင် ယှဉ်ပြိုင်ခွင့်ရှိသည်။ သတ်မှတ်ထားသော ဘာသာ ရပ်တိုင်းတွင်   တစ်ဦးတည်းက    တစ်မျိုးစီပါဝင် ယှဉ်ပြိုင်ခွင့်ရှိသည်။     ပခုက္ကူဦးအုံးဖေစာပေဆု အတွက် ပထမဆုတစ်ဆုလျှင် ငွေကျပ်ခုနစ်သိန်း၊ ဒုတိယဆုတစ်ဆုလျှင် ငွေကျပ်ငါးသိန်း၊ တတိယဆု တစ်ဆုလျှင် ငွေကျပ်လေးသိန်း ချီးမြှင့်သွားမည် ဖြစ်ပါသည်။ 

 


ပခုက္ကူဦးအုံးဖေ စာပေဆုဘာသာရပ် ငါးမျိုး အတွက် စာပေပြိုင်ပွဲဝင်လိုသူများသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်(သောကြာနေ့) နောက်ဆုံးထား၍ ကိုယ်ရေးရာဇဝင်အပြည့်အစုံ    ဓာတ်ပုံနှစ်ပုံဖြင့် ရန်ကုန်တိုင်းဒေသကြီး   ကျောက်တံတားမြို့နယ် (၃၇) လမ်းနှင့် ကုန်သည်လမ်းထောင့်၊   အမှတ် ၅၂၉- ၅၃၁ ရှိ စာပေဗိမာန်သို့ ပေးပို့ရမည်ဖြစ်ပါသည်။ နယ်မှ ပြိုင်ပွဲဝင်လိုသူများအနေဖြင့် စာတည်းမှူးချုပ် စာပေဗိမာန် အမှတ် ၅၂၉-၅၃၁၊ (၃၇) လမ်းနှင့် ကုန်သည်လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့သို့ ငွေကျပ် ၁၅၀ဝ ဖြင့် ပေးပို့၍ ပြိုင်ပွဲ ဝင်ပုံစံများနှင့် စည်းကမ်းချက်များကို မှာယူနိုင် ကြောင်း သိရသည်။                          

သတင်းစဉ်