ပြခန်းတွေပြတဲ့ထဲမှာ ကျောင်းသား ကျောင်းသူတွေရဲ့စိတ်ကူးတွေကို ကိုယ်တိုင်ဖန်တီးပုံဖော်လို့ရမယ့်၊ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်လို့ရမယ့် Activity တွေ ပိုပြီးထည့်သင့်တယ်လို့ ထင်ပါတယ်

 

“ပြည်ထောင်စုအကျိုးသယ်ပိုးဖို့ အသိပညာမြှင့်တင်စို့” ဟူသည့်ဆောင်ပုဒ်နှင့်အညီ  နိုင်ငံတော်အတွက် အားကိုးအားထားရမည့် အနာဂတ်မျိုးဆက်သစ် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာစေရေး၊ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံထူးချွန်သည့်လူငယ်လူရွယ်များ ဖြစ်လာစေရေးအတွက် ရည်ရွယ်ကာ (၇၆)နှစ်မြောက်  လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေ အနုပညာပွဲတော်(ဒုတိယနေ့)ကို ယနေ့ဆက်လက်ကျင်းပသည်။ ဒီဇင်ဘာ ၂၂ ရက်အထိ ဆက်လက်ကျင်းပမည့် အဆိုပါပွဲတော်သို့ ဌာနဆိုင်ရာများ၊    တက္ကသိုလ်၊ ကျောင်းများအလိုက် ခင်းကျင်းပြသထားသည့်ပြခန်းများမှ တာဝန်ရှိသူများနှင့်ပွဲတော်သို့ လာရောက်ဆင်နွှဲကြသည့် ကျောင်းသားလူငယ်များ၏ စကားသံများကို ဖော်ပြလိုက်ပါသည်-

ဦးအောင်မြင့်
(ညွှန်ကြားရေးမှူးချုပ်)
သမိုင်းသုတေသနနှင့် အမျိုးသား 
စာကြည့်တိုက်ဦးစီးဌာန၊ သာသနာ
ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
အခုကျင်းပနေတဲ့  (၇၆)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် လူငယ်နှင့်စာပေအနုပညာ ပွဲတော်မှာ ကျွန်တော်တို့ ဝန်ကြီး ဌာနအောက်မှာရှိတဲ့ ဌာနလေးခု ကနေ ပြခန်းငါးခန်း  ပြသထားပါ တယ်။ ပြခန်းတွေမှာ အမျိုးသား ယဉ်ကျေးမှုနှင့်    အနုပညာ တက္ကသိုလ်  ရန်ကုန်နဲ့   မန္တလေး ကနေပြီးတော့ ကျောင်းဆင်းသွား တဲ့အထဲက ထူးချွန်ထက်မြက်တဲ့ အနုပညာရှင်တွေကို   ဖော်ညွှန်း ပြသထားပါတယ်။   ကျောင်းရဲ့ လှုပ်ရှားမှု၊  ထုတ်ဝေတဲ့ကျမ်းစာ တွေ၊  ချီးမြှင့်တဲ့ဘွဲ့တွေကို   ပြသ ထားပါတယ်။  အထူးပြသချက် အနေနဲ့ ရုပ်သေးဆွဲပြီးသရုပ်ဖော် တင်ဆက်တဲ့ပြကွက်နဲ့    စောင်း အတီးပညာကို   ပြသတဲ့ပြကွက် လေးတွေ  ပါပါတယ်။   သမိုင်း သုတေသနနဲ့ အမျိုးသားစာကြည့် တိုက်ဦးစီးဌာန  အနေနဲ့ကတော့ လွတ်လပ်ရေးနေ့ အကြိုဖြစ်တဲ့ အတွက် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းအစဉ်အဆက်တွေကို ပြခန်း တစ်ခုအနေနဲ့ပြသပါတယ်။ အဲဒီ မှာ မြန်မာနိုင်ငံဟာ ရှေးကတည်း က အချုပ်အခြာအာဏာပိုင်နိုင်ငံ အဖြစ်   ရပ်တည်ခဲ့တဲ့သမိုင်းကို ရှေးက နန်းတော်ရာတွေနဲ့သရုပ် ဖော်ထားပါတယ်။ နောက်တစ်ခု က အင်္ဂလိပ်-မြန်မာ စစ်ပွဲသုံးကြိမ် ဖြစ်ပြီးတော့မှ    မြန်မာနိုင်ငံ လွတ်လပ်ရေး     ဆုံးရှုံးခဲ့ရတဲ့ အကြောင်းနဲ့ လွတ်လပ်ရေးဆုံးရှုံး ပြီးတဲ့နောက် တိုင်းရင်းသားတွေ က ရရာလက်နက်စွဲကိုင်ပြီးတော့ တိုက်ပွဲဝင်ခဲ့ကြတဲ့   ပြကွက်နဲ့ ထင်ရှားခဲ့ကြတဲ့    ပုဂ္ဂိုလ်များကို ပြသထားပါတယ်။   အဲဒီကနေ လွတ်လပ်ရေး  ပြန်လည်ရရှိခဲ့တဲ့ အထိ ကြိုးပမ်းဆောင်ရွက်မှုသမိုင်း ကြောင်း အထောက်အထားတွေကို ပြသထားပါတယ်။   ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာနက  ပြခန်း နှစ်ခန်းမှာ တော့   စာပေအထောက်အထား တွေ၊  ရှေးကျတဲ့ လက်ရေးစာတွေ၊ အုတ်ခွက်စာတွေ၊ ပေစာ၊ ပုရပိုက် စာတွေ၊ ရှေးဟောင်း စေတီ ပုထိုး တွေရဲ့ Digital  Directory  ကို ခင်းကျင်းပြသထားပါတယ်။ 
(၇၆)နှစ်မြောက် လွတ်လပ် ရေးနေ့  အထိမ်းအမှတ်ဖြစ်သလို လူငယ်နှင့်     စာပေအနုပညာပွဲ  ဖြစ်တဲ့အတွက်ကြောင့်   ပြခန်း တွေကို     လာရောက်ကြမယ့် လူငယ်တွေအတွက် အထူးသဖြင့် အသိပညာဗဟုသုတတွေ အများ ကြီးပြန့်ပွားနိုင်ဖို့ ရည်ရွယ်ဆောင် ရွက်ပေးထားပါတယ်။ တကယ့်ကို ထူးချွန်ထက်မြက်တဲ့၊ နိုင်ငံတော် အပေါ်သစ္စာရှိတဲ့ လူငယ်အနုပညာ ရှင်တွေပေါ်ပေါက်လာဖို့ ရည်ရွယ် ဖွင့်လှစ်ထားတဲ့      အမျိုးသား ယဉ်ကျေးမှုနှင့်      အနုပညာ တက္ကသိုလ်   တက္ကသိုလ်နှစ်ခုရဲ့ လှုပ်ရှား  ဆောင်ရွက်မှုတွေကို လည်း    အနီးကပ်လေ့လာနိုင်ပါ မယ်။ မြန်မာ့ယဉ်ကျေးမှုမှာ တိမ် မြုပ်ပျောက်ကွယ်     မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ မြန်မာ့ရိုးရာ ရုပ်သေးပညာရပ်ကို လည်း လေ့လာနိုင်မယ်။ လွတ်လပ် ရေးဆုံးရှုံးပြီးတဲ့နောက် လွတ်လပ် ရေးကို   ပြန်လည်တည်တံ့ခိုင်မြဲ အောင်   ကြိုးပမ်းဆောင်ရွက်ဖို့ ဘယ်လောက်ထိ   ခက်ခဲပင်ပန်း တယ်ဆိုတဲ့    အသိပညာတွေကို ပေးသွားနိုင်မှာ    ဖြစ်ပါတယ်။ လာရောက်လေ့လာကြဖို့လည်း ဖိတ်ခေါ်ပါတယ်။
မောင်ဖြိုးစည်သူကျော်
(Grade-10) အထက(၁) 
ဇေယျာသီရိမြို့နယ်
ပညာရေးဝန်ကြီးဌာန အခြေခံ ပညာဦးစီးဌာန ကိုယ်စားပြုအနေ နဲ့ ကျွန်တော်တို့ ကျောင်းကိုယ်စား ပြုအဖွဲ့ကတော့ ဦးဆောင်ပေးတဲ့ ဇီဝဗေဒ ဆရာမနဲ့     သူငယ်ချင်း ခြောက်ယောက်နဲ့အတူ ဇီဝဗေဒ ဘာသာရပ်မှာပါတဲ့ လူသားတွေရဲ့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့   DNA မော်လီကျူးရဲ့    အခြေခံသဘော တရားနဲ့ ဖွဲ့စည်းပုံကို သရုပ်ဖော်တဲ့ Project လေးကို   ပြသထားပါ တယ်။  ဒီအတွက်ကိုတော့ အများ ကြီးပြင်ဆင်ခဲ့ရတယ်။   အဓိက ကတော့  သက်ရှိတွေရဲ့   ပိုင်ဆိုင် ထားတဲ့ မျိုးရိုးဗီဇတွေက တစ်ခုနဲ့ တစ်ခု မျိုးဆက်ပြောင်းလဲပေးနေတဲ့  DNA ရဲ့    ပုံစံလေးတွေကို သိရှိ စေဖို့အတွက်  ရည်ရွယ်ပြသတာ ဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ ကျောင်းစာအတွက်သာမက ပြင်ပ ဗဟုသုတတွေ  ရရှိစေဖို့အတွက် အခုလိုမျိုး ကျင်းပပေးနေတဲ့ပွဲတွေ မှာ   သွားရောက်လေ့လာကြဖို့၊ လူငယ်စကားဝိုင်းတွေမှာ    ပါဝင် ဆွေးနွေးတာတွေကိုလည်း  လုပ် ဆောင်ကြဖို့     သူငယ်ချင်းတွေ၊ ညီလေးညီမလေးတွေကို   အကြံ ပေးချင်ပါတယ်။ 
မောင်အောင်မင်းစိုး (Grade-9-A)
အထက(၁၈)၊ နေပြည်တော်
ဒီနေ့ပြသတဲ့ပြခန်းတွေထဲမှာ သိပ္ပံနဲ့နည်းပညာပြခန်းတွေရယ်၊ စာအုပ်စာစောင်ပြခန်းနဲ့ အရောင်း ဆိုင်တွေရယ်၊ သမိုင်းပြခန်းတွေတော်တော်များများ စုံအောင်တော့ လေ့လာဖြစ်ပါတယ်။ အခုလိုမျိုး လူငယ်နှင့် စာပေအနုပညာပွဲတော် တွေလုပ်နေတဲ့အပေါ်မှာ အဓိက အားဖြင့်တော့   ကျွန်တော်တို့လို ကျောင်းသား လူငယ်တွေအတွက် ပြခန်းတွေပြတဲ့ထဲမှာ ကျောင်းသား ကျောင်းသူတွေရဲ့ စိတ်ကူးတွေကို ကိုယ်တိုင်ဖန်တီးပုံဖော်လို့ရမယ့်၊ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင် ရွက်လို့ရမယ့် Activity တွေ ပိုပြီး ထည့်သင့်တယ်လို့  ထင်ပါတယ်။ ပြခန်းတွေထဲက   စိတ်ဝင်စားဖို့ အကောင်းဆုံးကတော့   သမိုင်း ကြောင်း ရှေးမှတ်တမ်းတွေ၊ အုတ် ခွက်စာတွေနဲ့    သိပ္ပံနည်းပညာ ပြခန်းတွေကတော့ စိတ်ဝင်စားဖို့ အကောင်းဆုံးဖြစ်ပြီးတော့ ဗဟု သုတတွေ ရရှိခဲ့ပါတယ်။
မောင်ဇင်မင်းသူ(ဒုတိယနှစ်)
မန္တလေးပညာရေးကောလိပ်
ကျွန်တော်ကတော့ မန္တလေး တိုင်းဒေသကြီး သာစည်မြို့နယ် ကနေ မန္တလေးပညာရေးကောလိပ် မှာ ပညာသင်ကြားနေတာပါ။ အဲဒီ ကနေ ကျွန်တော်ကျောင်းကနေ အထက်မြန်မာပြည် ကိုယ်စားပြုနဲ့ အားကစားပြိုင်ပွဲ   လာရောက် ယှဉ်ပြိုင်ရင်းနဲ့ လာရောက်လေ့လာ တာပါ။ အခုဆို ပြခန်းတွေလည်း စုံတယ်။   စားချင်တာတွေလည်း အကုန်ရှိတယ်။ စာအုပ်တွေလည်း ရှိတယ်။ ဒီလိုမျိုး ပြပွဲကျင်းပပေး တာဟာ     လူငယ်တွေအတွက် ကောင်းတယ်၊ လူငယ်တွေအတွက် အလွန်လည်း အရေးပါတယ်။ ဒီလို မျိုးပွဲတွေ ကျင်းပပေးတဲ့အတွက် လူငယ်တွေရဲ့ ကိုယ်ရည်ကိုယ်သွေး တွေကို ပြသခွင့်ရသလို စွမ်းရည် တွေလည်း    ပိုမြင့်လာပြီးတော့ ဘက်စုံထူးချွန်တဲ့သူတွေ၊ ထက်မြက် တဲ့ အားကစားသမားကောင်းတွေ ကမ္ဘာနဲ့   ယှဉ်နိုင်တဲ့သူတွေကို မွေးထုတ်ပေးနိုင်မယ်လို့ ထင်ပါ တယ်။   ဘက်စုံထူးချွန်ဖို့ဆိုရင် အားကစားကလည်း ဖွံ့ဖြိုးတိုးတက် ဖို့လိုတယ်။ နောက်တစ်ခုက နိုင်ငံ ကို      ကိုယ်စားပြုတဲ့နေရာမှာ အားကစားဟာလည်း တစ်ခုအပါ အဝင်ဖြစ်တယ်။  ဒါကြောင့်မို့ ဘာပဲ ဖြစ်ဖြစ်ကိုယ်အားသန်ရာ၊ ဝါသနာ ပါတဲ့ အားကစားတစ်ခုခုကို လုပ်ကြ ပါလို့ တိုက်တွန်းချင်ပါတယ်။
မရှင်းမြင့်မိုရ်(Grade – 6)
အထက(၅) ဇမ္ဗူသီရိမြို့နယ် 
နေပြည်တော်
ဒီနေ့မှာတော့  သမီးသူငယ် ချင်းတွေနဲ့အတူ လူငယ်နှင့်စာပေ အနုပညာပွဲတော်မှာ   ပြထားတဲ့ ပြခန်းတွေအားလုံးကို လိုက်ကြည့် ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ ပညာရေးဝန်ကြီးဌာနက    သမီး တို့ အခြေခံပညာကျောင်းတွေက အစ်ကို၊ အစ်မတွေရဲ့ သင်ရိုးသရုပ် ပြပုံတွေကိုလည်း   လေ့လာခဲ့ရ တယ်။  သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနပြခန်းက   Games   တွေ၊ ဉာဏ်စမ်းတွေ    ဝင်ပြိုင်ရင်းနဲ့ လက်ဆောင်တွေလည်း    ရခဲ့ပါ တယ်။ အခုလိုမျိုး လိုက်ကြည့်ရ တာ  ပျော်စရာလည်းကောင်းတယ်၊ ပြင်ပဗဟုသုတ အတွေ့အကြုံလည်း ရပါတယ်။

 ဇင်ဦး၊ ဟိန်းထက်ဇော်
ဓာတ်ပုံ - ဇင်ဟိန်း